May 092012
 

ကျနော်ကတော့ ပန်းချီကို နားမလည်ပါဘူး.. ကျမကတော့ ပန်းချီကို မခံစားတတ်ဘူး.. စသဖြင့် ပြောတဲ့ စကားသံတွေကို ကြားရတဲ့အခါ တော်တော်လေး ဘဝင်မကျဖြစ်မိတယ်.. မခံစားတတ်ဘူးဆိုတဲ့ သူတို့ကို မဟုတ်ပါဘူး.. ခံစားတတ်အောင် ဓာတ်ခံလေး မွေးမြူမပေးလိုက်တဲ့ ကိုယ်တို့ရဲ့ ပညာရေးစနစ်ကြီးကိုပဲ ဆိုပါတော့..

တကယ်တော့ လူသားတိုင်းဟာ မွေးဖွားလာချိန်မှာ အနုပညာဓာတ်ခံ ပါလာပြီးသားပါ.. ဒါကို သိပ္ပံနည်းကျ လေ့လာထားသူတွေကလည်း ထောက်ခံကြတယ်.. ကလေးတွေ ငယ်တုန်းက ပန်းချီဆွဲကြတယ်.. ကလေးတိုင်း နည်းပါးပဲ.. ပန်းချီဟာ အရောင်တွေ အရုပ်တွေကို အခြေခံတာမို့ ကလေးတွေ စကားမတတ်ခင် စာမတတ်ခင်ကတည်းက သူတို့ပြောလိုရာ ဖော်ပြလိုရာကို ပန်းချီအခြေခံအနေနဲ့ ဖော်ပြတတ်ကြပါတယ်.. ကိုယ်တို့ ပတ်ဝန်းကျင်မှာလည်း မကြာခဏကြားဖူးနေတာပဲ “ငယ်ငယ်တုန်းကတော့ ဆွဲတယ်.. နောက်မှ ဘာမှန်းကိုမသိတော့တာပါ” ဆိုတာမျိုးတွေ.. တကယ်တော့ ကလေးတွေမှာ နဂိုပါလာတဲ့ ပန်းချီဗီဇကို လူကြီးမိဘနဲ့ ပတ်ဝန်းကျင်က ပျောက်ကွယ်ပြောင်းလဲသွားအောင် လုပ်လိုက်တာပါပဲ.. Continue reading »

Apr 282012
 

ဂရိဒဏ္ဍာရီတစ်ပုဒ်ကို သော်ဖတ်ဖူးသည်..

လူသားတွေဟာ အသိဥာဏ်မြင့်မားတာနဲ့အမျှ ကောက်ကျစ်မှုတွေလည်း ရှိနေတော့ လူသားတွေသာ မီးကို ရသွားခဲ့ရင် တန်ခိုးအာဏာကြီးပြီး ပုန်ကန်မှာစိုးလို့တဲ့.. နတ်မင်းတို့ရဲ့ ခေါင်းဆောင် ဇုက လူသားတွေ မီးကိုမရဖို့ ပိတ်ပင်တားမြစ်ထားခဲ့၏.. ဒါကို ပရိုမီးသီးယပ်စ်ဆိုတဲ့ နတ်တပါးက လူသားတွေကို မေတ္တာထားပြီး မီးကိုလူ့ဘုံရောက်အောင် ခိုးပို့ပေးခဲ့တော့ ဇုက သူ့ကို အပြစ်ပေးသည့်အနေနှင့် တောင်ထိပ်မှာသံကြိုးချည်ထားခဲ့ပြီး အလွန်ပူပြင်းသောနေ့ အလွန်အေးစက်သောညများကို ငရဲခံသလို ခံစားစေခဲ့သည်.. နေ့စဉ်တိုင်းမှာ စွန်ငှက်ကလာပြီး သူ့အသည်းနှလုံးကို ဖောက်စားခြင်းကိုလည်း နာကျင်မှု ပြင်းပြစွာ ခံစားခဲ့ရ၏.. သို့သော် နောက်တနေ့ရောက်တိုင်းမှာ သူ့အသည်းနှလုံးသည် ပြန်လည်ပြည့်လာခဲ့ပြီး ဖောက်ပြီးစားသုံးမည့် စွန်ကိုလည်းစောင့်နေရပြီး နာကျင်မြဲနာကျင်လျက် ဝေဒနာကို ခံစားရပြန်သည်တဲ့.. ပုံပြင်အဆုံးသတ်အနေဖြင့်တော့ သူ့ကို ကယ်တင်မည့် ကယ်တင်ရှင်အဖြစ် ဟာကျူလီရောက်လာခဲ့သည်.. သော် ကြားဖူးသော ဒဏ္ဍာရီပုံပြင်လေးပေါ့.. ကဗျာလည်း ရှိသည်ဟု ဆိုကြသည်..

မောင့်ကို ချစ်ရခြင်းသည်လည်း Continue reading »

Apr 252012
 

The Big Year  ကို ၃ ရက်ဆက်တိုက် ၃ ခါပြန်ကြည့်ဖြစ်သွားတယ်.. နာမည်ကြီး ဟာသမင်းသား ၃ ယောက်ရဲ့ သိပ်ပြီး ဟာသမဖြစ်တဲ့ ဇာတ်ကားကောင်းလေးပါ.. True Story လို့ပြောတယ်..

အမေရိကန်မှာ big year ဆိုတဲ့ ပြိုင်ပွဲတစ်ခုရှိတယ်.. တစ်နှစ်ပတ်လုံးမှာ ငှက်အမျိုးအစားပေါင်း ဘယ်နှမျိုးမြင်တွေ့ မှတ်တမ်းတင်နိုင်သလဲဆိုတဲ့ စံချိန်ကို ပြိုင်ကြတာပါပဲ.. ဆုကြေးလည်း မရဘူး.. ငှက် မဂ္ဂဇင်းမှာ ဆုစာရင်းကြေငြာရုံလောက်ပါပဲ.. Birding ကို စိတ်ဝင်စားတဲ့လူတွေပဲ ရူးရူးသွပ်သွပ် ခုံခုံမင်မင် ရှိတဲ့ကိစ္စဆိုပါစို့.. မြန်မာနိုင်ငံ ငှက်ကြည့်အသင်းက အကိုတော်တွေကိုတောင် ပြေးသတိရမိသေးတယ်.. ဖြစ်ပုံကဒီလို..

Continue reading »

Apr 142012
 

မန္တလေးကို အကြိုနေ့မတိုင်ခင်မှာ ရောက်တယ်..ဓာတ်ပုံသမားအဖွဲ့လိုက်ကြီးနဲ့ လျှောက်လိုက်ရင်း ကမြောက်ကခြောက်ဓာတ်ပုံနည်းနည်း ရိုက်ဖြစ်သေးတာပေါ့.. သိပ်အကောင်းကြီးတွေ မဟုတ်သော်ငြား အမှတ်တရ ကြည့်ကြပါ..

မဏ္ဍပ်ရှေ့က လူတွေကို ရိုက်ဖြစ်တယ်.. အေးဆေးပဲဗျ.. သူတို့ဘာသာ ကဲတာ ကဲတာပဲ.. ကိုယ့်တော့ ရေတစ်က်မှ လာမစိုဘူး..

Continue reading »

Apr 052012
 

ညီမလေး ရေ …

မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..
မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …
မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..
မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တက်ဖို့ …

တကယ်တော့ အောင်မြင်တယ်ဆိုတာဟာ ရေပွက်လေးပါ ညီမလေးရယ် ..
ဘ၀ ဆိုတာ မင်းခြေရင်းက ကံကော်တွေလို ဘယ်မွှေးနေပါ့မလဲ ..
မင်းတည်ဆောက်တာတွေ လဲပြိုတဲ့အခါ …
မင်းအိမ်မက်တွေ မိုးပြိုတဲ့အခါ …
မင်း စိတ်ကူးတွေ လှိုင်းထန်တဲ့အခါ …
မင်း သမိုင်းရဲ့ အရိပ်က မင်းကို အမြဲ ကြည့်နေမှာ …

အဲ့တော့ ညီမလေးရယ် … ကျေးဇူးပြုပြီး …

ဘယ်တော့မှ … မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..
ဘယ်တော့မှ … မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …
ဘယ်တော့မှ … မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..
ဘယ်တော့မှ … မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တတ်ဖို့ …

” The road to success is always under construction.”
For my Honey ..
—————–

by Ye Aung Thu

Mar 232012
 

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့
သခင့်အတွက် သတင်းစာကို သယ်လာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်လက်ဖျောက်တီးခေါ်တဲ့အခါ ပျော်ရှာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်လမ်းလျှောက်ထွက်ရင်ခေါ်မလားလို့ မျှော်ရှာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်စိတ်ဆိုးပြေတဲ့အခါ ချောင်ကထွက်တယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်စိတ်ကြည်သာအောင် ခေါင်းတိုးဝှေ့တယ်..

အဲ့ဒီခွေးဟာ
ရွှင်မြူးပြတယ်..
ချွဲနွဲ့ပြတယ်..
အလိုဖြည့်တယ်..
ပျော်မြူးထူးတယ်..
တိတ်တိတ်ငိုတယ်..

အမြီးလေးတနှန့်နှန့်နဲ့ ..

Feb 292012
 

ကျမရဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းသွားခရီးစဉ်အကြောင်း ရေးထားတဲ့ ပို့စ်က သိပ်ရှည်ပြီး ပုံတွေ သိပ်များလွန်းလို့ အပိုင်း ခွဲတင်တာ ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ ရောက်တော့ ကျမ တော်တော်လေး ဒွိဟဖြစ်ရပါသေးတယ်.. ကျမရေးတဲ့ စာ .. ကျမ ပြောပြတဲ့ အကြောင်းအရာတွေကြောင့် သူတို့တွေကို ကူညီရာမရောက်ဘဲ ပိုပြီး ဝန်ပိုစေမလား.. ဒါမှမဟုတ် ကျမနဲ့ အတူခရီးသွားတဲ့လူတွေကို တစ်ခုခုထိခိုက်စေနိုင်မလား.. ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို နှောင့်နှေးစေမလားဆိုပြီး ကျမ အကြိမ်ကြိမ်စဉ်းစားပါတယ်.. ဒါပေမယ့် ကျမက ကိုယ်တိုင် သိကြားခံစားလာရတဲ့လူပါ.. ကျမသိလာသမျှကို မပြောပြဘဲ ချန်ထားရင် အပြစ်ရှိသလို ကျမ ခံစားရပါမယ်.. ဒါကြောင့် သိလာကြားလာသလိုပဲ ကျမ ပြန်ပြောပြလိုက်တော့တယ်.. လူသားခြင်းစာနာတတ်သူအားလုံး မျှဝေနားလည်တတ်ဖို့ပါ..

Continue reading »