Nov 212008
 

The Lion King ဆိုတဲ့ ကာတွန်းကားကို ကြည့်ဖူးကြသလား.. အတော်များများကတော့ ကြည့်ဖူးတယ်ထင်တယ်နော်.. နန်းညီက ကာတွန်းကား သိပ်ကြိုက်တာ.. ငယ်ငယ်ကတော့ Tom & Jerry တို့ဘာတို့ပေါ့.. နောက် ကြီးလာတော့ ထွက်သမျှ ကာတွန်းကားတွေ ကြည့်လိုက်.. ၀ယ်သိမ်းလိုက်နဲ့.. အရမ်းကိုရူးတာ.. ကာတွန်းကားကို ကြည့်ပြီဆိုရင် ဇာတ်လမ်းနဲ့ အရုပ်တင်မကဘူး.. နောက်ခံပန်းချီ.. လှုပ်ရှားမှုတွေ.. အရောင်သုံးတာတွေ.. character ခွဲတာတွေက အစ.. အသေးစိတ်ကြည့်တာ..(နောက်ဆုံးနှစ် ကျောင်းဆင်းတော့တောင် ဘွဲ့ယူစာတမ်းခေါင်းစဉ်က 2D ကာတွန်းကားများ၏ နောက်ခံပန်းချီ အကြောင်းလေ့လာချက်လေ) ..အခွေတစ်ခွေအသစ်ရပြီဆိုရင် ၃ ခါတော့ အနည်းဆုံး ဆက်တိုက်ကြည့်တယ်.. အဲဒါမှ စိတ်ထဲမှာ ကျေနပ်တယ်.. အသစ်မရှိလည်း အဟောင်းတွေ ထပ်ခါထပ်ခါပြန်ကြည့်တာပါပဲ.. ခုလည်း အခွေဟောင်းတွေ ပြန်မွှေနှောက်ကြည့်ရင်း Lion King ကို ပြန်ကြည့်မိ ရင်းနဲ့ အတွေးတစ်ခုပေါ်လာလို့လေ..
Lion King ဇာတ်လမ်းကိုမသိသေးသူတွေအတွက် အကျဉ်းလေး ပြောပြပေးမယ်နော်.. ဒီလိုလေ.. မူဖာဆာဆိုတဲ့ ခြင်္သေ့ဘုရင်ကြီးရှိတယ်.. သူ့မှာခြင်္သေ့သားလေး တစ်ကောင်ရှိတာက ဆင်းဘားတဲ့.. မူဖာဆာက သိပ်တော်တဲ့ တောဘုရင်ကြီးပေါ့.. တိရိစ္ဆာန်တွေ အားလုံးက လေးစားတယ် ချစ်တယ်.. သူ့ရဲ့ညီ စကားနဲ့ ခွေးအတွေကလွဲလို့လေ.. အဲလိုနဲ့ကွာ စကားက ခွေးအတွေနဲ့ပေါင်း အကွက်ဆင်ပြီး မူဖာဆာကို လုပ်ကြံလိုက်တယ်.. ဆင်းဘားကိုလည်း ဒီတောထဲက နှင်ထုတ်လိုက်တယ်.. ဆင်းဘားလေးလည်း ခွေးအတွေလက်ထဲကနေ ပြေးရင်းတခြားတောအုပ်တစ်ခုကို ရောက်သွားပြီး အဲဒိမှာ တောဝက် ပွန်းဘားနဲ့ ပွေး တီမိုးတို့က သူ့ကိုကယ်ထားလိုက်တယ်.. နောက် သူကြီးလာတယ်.. သူက သူ့အဖေသေရတာ သူ့ပယောဂ မကင်းဘူးလို့ စိတ်စွဲနေသူဆိုတော့ သူ့မူလတောအုပ်လည်း ပြန်ဖို့ မကြိုးစား တော့ဘဲနဲ့ ကြုံသလိုပဲပျော်နေတာပေါ့.. နောက်မှ သူ့ငယ်ချစ် ခြင်္သေ့မလေး နာလာနဲ့တွေ့.. အကျိုးအကြောင်းသိ.. သူတို့တောအုပ်က ပညာရှိပရောဟိတ် မျောက်ကြီးရဲ့ လမ်းညွှန်မှုတွေကြောင့် သေသွားတဲ့ သူ့အဖေစကားတွေကို ပြန်သတိရပြီး အမြင်မှန်ရသွားတယ်.. သူ့မူလတောအုပ်ကိုပြန်.. ပွန်းဘား.. တီမိုး.. နာလာ.. သူ့အမေနဲ့ တခြားခြင်္သေ့မတွေ အကူအညီနဲ့ စကားကို ပြန်တိုက်ခိုက်ပြီး သူက နန်းပြန်ရသွားတယ်ပေါ့..

အဲ့မှာပြောချင်တာက ၃ ချက်..
ပထမ ၁ ချက်ကတော့ .. အဲ့ဒိကားထဲမှာ ပါတဲ့ ချစ်မေတ္တာအမျိုးအစားတွေပဲ.. မူဖာဆာက သူ့သားကို ချစ်တဲ့ အချစ်.. သားက အဖေကိုချစ်တဲ့ အချစ်.. ပွန်းဘား တီမိုးနဲ့ ဆင်းဘားတို့ကြားက သူငယ်ချင်းအချစ်.. ဆင်းဘားနဲ့ နာလာရဲ့ ချစ်သူတွေချစ်တဲ့အချစ်.. ဆင်းဘားရဲ့အမေ ဆာရာဘီးက သူ့မျိုးနွယ်စုအပေါ် ချစ်တဲ့အချစ်.. ပွန်းဘားနဲ့ တီမိုးရဲ့ သဘာဝကိုချစ်တဲ့အချစ်.. ပညာရှိမျောက်ကြီးက တိုင်းပြည်ခေါင်းဆောင်ကို ချစ်တဲ့အချစ်.. အားပါးပါး.. ကြည့်ရတာ တကယ်ကြည်နူးစရာပဲ.. တိရိစ္ဆာန်တွေကို ဆွဲထားပေမယ့် လူနဲ့ အနီးစပ်ဆုံး ခံစားမိစေနိုင်တယ်.. အဲဒိချစ်မေတ္တာတွေက အသေးစိတ်ကြည့်လေလေ ပိုမြင်သာလာပြီး ခံစားရ လေလေပဲ..

နောက်တစ်ချက်ကတော့.. တီမိုးတို့ရဲ့ လက်စွဲဆောင်ပုဒ် Hakuna Matata ဆိုတာပဲ.. No Worries လို့ အဓိပ္ပါယ်ရတယ်တဲ့.. သီချင်းစာသားက ဒီလို .. “Hakuna Matata.. It means No Worries … For the rest of the days.. It’s our problem free pholosopy.. “ အဲလို အဲလို.. သူက ဘယ်တော့မဆို ဘယ်လိုမဆို အပူအပင်မထားဘူးဆိုတဲ့ ဖလော်ပဲ.. နန်းညီ စိတ်ဓာတ်ကျတိုင်း.. အဲဒါကို ရွတ်တယ်.. အခန်းထဲမှာလည်း အဲဒါတွေရေးပြီးကပ်ထားသေးတယ်.. Gtalk status မှာလည်း မကြာခဏတင်တယ်.. (ပြောရရင် ဟိုနေ့က စိတ်ညစ်နေတာ မနေ့က အဲ့ကားပြန်ကြည့်ပြီးမှ ပြန်ကောင်းသွားတယ်.. အဲ့လောက်အထိကို ကာတွန်းကားက နန်းညီအပေါ်မှာ လွှမ်းမိုးပါတယ်)

နောက်ဆုံးတစ်ခုကတော့.. နန်းညီရဲ့ specialize subject.. နောက်ခံပန်းချီပဲ.. Lion King မှာ နောက်ခံပန်းချီတွေ သိပ်ကောင်းတယ်.. ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်ရှိန်နဲ့လိုက်တယ်.. ဇာတ်ကောင်တွေရဲ့ character .. ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေနဲ့ လိုက်တယ်.. ဇာတ်လမ်းကို အများကြီး ပံ့ပိုးပေးသွားတယ်.. အရောင်သုံးထားတာတွေက အပိုအလိုမရှိ ကွက်တိပဲ.. အင်းလေ သူတို့တွေကတော့ ကာတွန်းတစ်ကားကို artist ပေါင်း ၇၀၀ ကျော်နဲ့ တခြား ပညာရှင်တွေ ရာချီပြီး နိုင်နိုင်နင်းနင်းရေးကြတာကိုး.. မြန်မာ ကာတွန်းရုပ်ရှင်တွေလည်း ဘယ်တော့များမှ ဒီလိုဖြစ်လာမှာပါလိမ့်..

Lion King က ၁.. ၂ .. ၃ ရှိတယ်.. ၂ ကိုတော့ သိပ်မကြိုက်လှဘူး.. ၃ ကတော့ အတော်လေးကောင်းပြန်ရော.. မကြည့်ရသေးရင် ကြည့်ကြဦးနော်.. ဒါထက်.. အန်ဒီ .. မတု .. ကိုဂျဲ .. ကိုဗီ .. ကိုဂါဒင်နာ .. ကိုတောကျောင်း နဲ့ ဇွဲဇွဲလေးအမေ တို့ရော ကာတွန်းကားကြိုက်ကြသလား.. အကြိုက်ဆုံး ကာတွန်းကားရှိရင် ပြောကြပါဦး.. ဒီပို့စ်ကိုရေးနေရင်းနဲ့ တွေးမိတယ်.. တခြားဘယ်သူတွေများ ကာတွန်းကားကြိုက်ကြသေးလဲ မသိဘူးလို့.. တခြားသူတွေရဲ့ ကာတွန်းရုပ်ရှင်အပေါ်ထားတဲ့ အမြင်လေးတွေသိချင်လာလို့.. tag မထားတဲ့သူတွေလည်း စိတ်ပါရင် ၀င်မန့်သွားနိုင်တယ်နော်.. ကဲ – .. ဆက်ပြောကြပါဦး ..

  6 Responses to “Lion King အကြောင်း နန်းညီပြောမယ်”

  1. Walt Disney’s Animation ဆိုရင် ငယ်ကတည်းက အားလုံးကြိုက်တာ.. ခုထိ ကြိုက်တုန်း…
    အကြိုက်ဆုံးကတော့…
    Cinderella နဲ့ Bambi ….
    အခွင့်ရရင် ဘာကြောင့် ကြိုက်တယ်ဆိုတာ ပြောပြပါ့မယ်

  2. သူ့ကာတွန်းကားတော့ မကြည့်ဖြစ်သေးဘူး၊ lion king ဂိမ်းတွေတော့ နှစ်နှစ်သက်သက် ကစား ဖြစ်တယ်။ ခု 3D ကာတွန်းတွေ အရမ်းကြိုက်တယ်။ ကွန်ပျူတာဖန်တီးချက် တွေက အံ့မခန်းပါပဲ၊ အသံစနစ်ကလည်း ကောင်းတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးညီမရေ..
    http://winzaw-mdy.blogspot.com

  3. ကာတွန်းကားလေးတွေကို ကြိုက်ပါတယ်။ WallE ဆိုတဲ့ ရုပ်ရှင်လေးအကြောင်း ရေးဖူးတယ် နန်းညီရေ.
    link:

    http://pandora-and-pandora.blogspot.com/2008/08/blog-post_29.html

  4. အင်း.. မဗေဒါနဲ့ နန်းညီနဲ့ အကျင့်တူတယ်.. ရုပ်ရှင်ကြည့်ရင် အသေးစိတ်ပါလိုက်ကြည့်တာ.. နန်းညီက ပန်းချီလိုင်းဆိုတော့ အဲဒါတွေကြည့်တယ်.. မဗေဒါကတော့ ဒါရိုက်တာရူးဆိုတော့.. သူတို့ဘယ်လိုနေရာမှာ ဘယ်လို သရုပ်ဆောင်တာကိုရိုက်တယ်.. ဘယ်လို ထောင့်ကနေထားပြီးရိုက်လဲ.. ဘယ်လိုဇာတ်ဝင်တေးသုံးလဲ.. စုံနေတာပဲ.. ဟိုစပ်စပ်ဒီစပ်စပ်အကျင့်အတိုင်း.. အဲဒိ ကာတွန်းပညာလဲတတ်ချင်သား.. ဟဲ..ဟဲ.. မြန်မာပြည်မှာလဲ အနောက်တိုင်းလို ကြိုးစားသလောက် အကျိုးအမြတ်သာပြန်ရမယ်ဆိုရင် အဆင့်မှီတဲ့ ကာတွန်းကားတွေထွက်လာမယ်လို့ ယုံကြည်ပါတယ်..

  5. ငယ်ငယ်တုန်းကတော့ကာတွန်းကြီုက်တယ်။အခုလည်းကြီုက်။

  6. Lion Kingသိပ်ကြိုက်တယ်
    တူတူပဲ

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>