Apr 042011
 

ဘလော့ကို မရေးတာ တော်တော်ကြာသွားပြီ.. တခါတလေ ရေးမိတဲ့ အက်ဆေးလေး လောက်ပဲ ကောက်တင်လိုက်.. အပျင်းကြီးလိုက်.. အိမ်ပျောက်သွားလိုက်နဲ့ အဆက်သွယ်တွေ ပြတ်နေလိုက်တာ..
ခုတော့ ဒေါ့နက်ကို ဘလော့စပေါ့မှာ ချိတ်ယူပြီး ပြန်ရေးဖို့ စိတ်ကူးမိနေတော့ အရှိန်ပြန်ယူတဲ့အနေနဲ့ အရင်လိုပဲ တွေ့သမျှ မြင်သမျှလေးတွေ.. စိတ်ထဲရှိရာလေးတွေ ကောက်ရေးနေတယ်.. လောလောဆယ်အတွက်တော့
မမသက်ဝေ ဖဘမှာ တင်ထားတဲ့ tag game လေးတစ်ခု သဘောကျလို့ ချရေးလိုက်မယ်..

Daily Likes တဲ့.. မဖြစ်သေးပေမယ့် ခု လက်ရှိဖြစ်နေတာ မဟုတ်ပေမယ့် .. နှစ်သက်ခဲ့တာလေးတွေလည်း ထည့်လို့ရမယ်ထင်တာပဲလေ.. ဖြစ်ချင်မိတာလေးတွေလည်း ထည့်ချင်တာပဲလေ.. ကဲကဲ.. ထည့်တယ်ကွာ.. အကုန်..

) မနက်မိုးလင်းတာနဲ့ ချစ်သူက ပါးကိုခပ်ဖွဖွနမ်းပြီးနှိုးတာကို ကြိုက်တယ် (တခါတလေ ကြုံရတတ်တဲ့အရာ)
) အေးစက်စက် ခါးသက်သက် ကော်ဖီကို သွားမတိုက်ခင် သောက်ရတာ ကြိုက်တယ် (အမြဲလုပ်လေ့ရှိ)
) မနက်စာ ပြင်ဆင်ချိန်မှာ ပွထနေတဲ့ မီးဖိုချောင် မဖြစ်နေမှ ကြိုက်တယ် (ဖြစ်ခဲ လုပ်ခဲ)
) ကိုယ့်စိတ်ကူးတည့်ရာ အဝတ်အစားကို ဝတ်ချင်တဲ့အချိန် ဝတ်လိုက်ရတာ ကြိုက်တယ် (ဘယ်သူတားတားမရတဲ့ကိစ္စ)
) အစားအသောက် ဂျီးများရတာ ကြိုက်တယ် (ဇီဇာကြောင်တာနဲ့ မတူ)
) သူများကို မခံချိမခံသာဖြစ်အောင် စနောက်ရတာကြိုက်တယ် (ခနခန ရန်ဖြစ်ရတတ်တယ်)
) သူများအသားကို နာကျင်အောင် ကိုက်ရတာကြိုက်တယ် (ကိုယ့်ကိုပြန်ကိုက်ရင် မကြိုက်)
) အသီးအရွက်တွေချည်းပဲ စားရမှာ ကြိုက်တယ် (အသားလည်း စားတော့စားတယ်)
) ကွန်ပျူတာတစ်လုံးနဲ့ ထိုင်ပြီး တစ်ခုခု လုပ်နေရတာကို ကြိုက်တယ် (အင်တာနက်ရရင်ပိုကောင်းတယ်)
) သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ရယ်မောနေရတာကိုကြိုက်တယ် (မကြာခဏလုပ်လေ့ရှိတာ)
) Jelly သိပ်ကြိုက်တယ် (ဘယ်တော့ကျွေးကျွေး မငြင်း)
) တစ်ယောက်ယောက်ကို ချစ်နေရတာကို ကြိုက်တယ် (ပင်ပန်းပေမယ့်)
) ဒေါက်ဖိနပ်စီးရတာ ကြိုက်တယ် (မစီးတော့ မစီးဖြစ်ပါဘူး)
) ပိုက်ဆံများများလက်ထဲရှိရင် ကြိုက်တယ် (သုံးလို့ မြန်မြန်ကုန်သွားရင်တော့ မကြိုက်ဘူး)
) သူတပါးတွေအတွက် ပျော်ရွှင်နှစ်သိမ့်ပေးနိုင်တဲ့လူ ဖြစ်ရတာ ကြိုက်တယ် (ဖြစ်အောင်လည်းနေထိုင်လျက်ရှိ)
) ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အောင်အောင်မြင်မြင် ညာလိုက်နိုင်ရင် ကြိုက်တယ် (ညာပြီးရင်လည်း မေ့သွားတတ်)
) စာအုပ်ကောင်းကောင်းတစ်အုပ်ကို ဇိမ်နဲ့ ဖတ် / ရုပ်ရှင်ကားကောင်းတစ်ခုကို အေးဆေးကြည့် / စိတ်ပါဝင်စားစွာ အနှောင့်ယှက်ကင်းကင်း စာတစ်ခုခုရေးနေ (ကြိုက်)
) မိသားစုနဲ့ စကားပြော (ကြိုက်)
) စိတ်လွတ်ကိုယ်လွတ် ခရီးတွေသွား / ဓာတ်ပုံရိုက် (ကြိုက်)
) ချစ်သူကိုလက်တွဲပြီး မြို့ထဲလျှောက်လည် (ကြိုက်)
) ဘဝကို အရှိတိုင်း လက်ခံပြီး ပျော်ရွှင်ကျေနပ်နေ (သိပ်ကြိုက်)

များကြီးပါပဲလား.. ရေးနေရင်းကို ထပ်ထပ်ထွက်လာသေးတယ်.. ဒါပေမယ့် လောလောဆယ် ဒါလောက်ပဲ ထားတော့မယ်

  One Response to “နေ့ရက်တိုင်းနှစ်သက်ခြင်းများ”

  1. ကြည့်ပါအုံး…
    ဘယ်လောက် ရိုးသားတဲ့ ဘယ်လောက် အပြစ်ကင်းတဲ့ Likes လေးတွေလဲလို့… ချစ်စရာ…

    အဲဒီလို ကိုယ်နဲ့ အရွယ်မတူ Generation Gap ရှိနေတဲ့ မောင်တွေ ညီမတွေဆီက အကြိုက်မျိုးစုံလေးတွေကို ဖတ်ရတာကို ကြိုက်တယ်…း))

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>