♫♪ ဒီကမ္ဘာကြီးမှာ ငါတစ်ယောက်ထဲပဲ မှားတတ်သလား
နင်ကိုယ်တိုင်လည်း မှားဖူးမှာပါ ♫♪
နင်နေထိုင်တဲ့ကမ္ဘာမှာ ငါ နေခွင့်မရှိတော့ဘူးလား
နင်တစ်ယောက်ထဲ ကြီးစိုးမှာလား
♫♪ ငါဟာလည်းကွာ သက်ရှိတစ်ခုပါ
နာကျင်တတ်တယ် အသည်းနဲ့ပဲ ခံစားတတ်တယ်♫♪
♫♪ နင်လည်း သွေးနဲ့သားနဲ့ ခံစားမှုရှိတဲ့ သက်ရှိတစ်ခုပဲ
ငါလည်း သွေးနဲ့သားနဲ့ ခံစားမှုရှိတဲ့ သက်ရှိတစ်ခုပဲ
ငါငိုနေရတဲ့မျက်ရည် ဘယ်တော့မှ တိတ်ရမလဲ
ဒီလောကကြီးကို ပိုင်ဖို့အမြဲဆုတောင်းတယ် ♫♪
can down here too [ http://www.mediafire.com/?zr408glezgu8ktz ]
ခုရက်ပိုင်းအတွင်း စိတ်ထဲရောက်နေတဲ့ သီချင်းပါ.. ကိုင်ဇာတင်မုံ ဆိုထားတယ်..
ကိုင်ဇာတင်မုံ သီချင်းတော်တော်များများကို ကြိုက်မိတယ်.. အိမ်မှာတော့ သူ့သီချင်းတွေဖွင့်ရင် မေကြီးက မကြိုက်ပါ.. LinkingPark တောင်သည်းခံနားထောင်ပေးတဲ့ ကိုယ့်အမေဟာ ကိုင်ဇာတင်မုံကိုတော့ “ကြယ်တွေမြင်တိုင်း ~~” လို့ စလိုက်ရင်ကို ခါးခါးသီးသီး ငြင်းဆန်လေရဲ့.. anyway..
ကိုယ်ဟာ သူတပါးစိတ်ကို တော်တော်လေးကို ဝင်ဝင် ခံစားတတ်တဲ့ အကျင့်ရှိတယ်လို့ ကိုယ့်ကိုကိုယ် ထင်တယ်.. ယောက်ျားမိန်းမရယ်လို့တောင် မခွဲခြားဘူး.. ဘယ်သူ့ နေရာကမဆို ဝင်ပြီး ကြည့်လေ့ရှိတယ်.. “အင်းပေါ့ သူက အဲလိုနောက်ခံအကြောင်းရာတွေရှိတာကိုး ဒီတော့ ဒီလိုတုံ့ပြန်မှာပေါ့ ဒါလောက်တော့လုပ်မှာပေါ့ ဒါကိုတော့ ပြောမှာပေါ့” ဆိုတာမျိုးက ကိုယ်အမြဲတွေးလေ့ရှိတာပဲ.. ခက်တာက ကိုယ်က ဖြစ်လာမှသာ ဖြစ်သမျှကို သူ့နေရာက လိုက်တွေးတာ.. ကိုယ် တစ်ခုခု လုပ်တော့မယ်ဆိုရင် ဘယ်သူတော့ ဘာဖြစ်သွားမလဲလို့ ထည့်မတွက်တတ်တဲ့အကျင့်ဆိုးရှိတယ်.. ပြင်ဖို့ကြိုးစားပါတယ်.. ပြင်ပါတယ်.. မရသေးဘူး..
ပြီးတော့ ကိုယ် ဘာလုပ်လုပ် ခွင့်လွှတ်ပါတယ်ဆိုတာမျိုးလည်း သိပ်လိုချင်မိတယ်.. ကိုယ့်ကို ဦးစားပေး အလိုလိုက်တာလည်း ကြိုက်တာအမှန်ပဲ.. ကိုယ့်အနားမှာ ကိုယ့်အနွံတာခံမယ့် လူတစ်ယောက်ယောက်မရှိရင် မနေတတ်ဘူး.. အာ .. confession တွေနော် confession တွေ.. =P
အဲ့ဒိတော့ကွယ်.. ခဏခဏ ကိုယ်မှားတတ်တယ်.. အရင်ကတည်းက မှားခဲ့တာပါ.. ဒါပေမယ့် ဘေးပတ်လည်က လူတွေက ကိုယ့်ကို ခွင့်လွှတ်ကြတယ်.. ဆိုးဆိုးဝါးဝါး ထိခိုက်စော်ကားတာမျိုးလည်း မဟုတ်တာလည်းပါမယ်ပေါ့.. ငယ်တုန်းကတော့ ကိုယ့်အမှားတစ်ခုဟာ ဘယ်သူ့ကိုမှလည်း ကြီးကြီးမားမား မထိခိုက်စေလောက်ဘူးနဲ့ တူတယ်.. ခု ကြီးလာတော့ကျ လူက ပိုတတ် ပိုသိပြီး တာဝန်ပိုများလာတာနဲ့အမျှ မှားတဲ့အခါလည်း အမှားဟာ ကြီးလာတယ်.. ထိခိုက်လာတယ်.. နာကျင်စေတယ်.. အောင်လ သီချင်းနဲ့ဆိုရင်တော့ “မှားတာရှိရင် တောင်းပန်ပါတယ်” ပေါ့.. ဒါပေမယ့် တော်တော်ဂျစ်ကန်ကန်နိုင်တဲ့ ကိုယ်.. မှားတယ်လို့ ဝန်ခံလိုက်ရပြီးတာတောင် စိတ်ထဲ မကျေချမ်းသွားနိုင်ဘူး.. ငါပဲ မှားတာလား နင်တို့လည်း မှားဖူးမှာပဲ ရယ်လို့ ဒီသီချင်းကိုမှ ခဏခဏ ဆိုဖြစ်ပြန်ပါတယ်..
「မှားတယ်လို့ ဝန်ခံလိုက်ရပြီးတာတောင် စိတ်ထဲ မကျေချမ်းသွားနိုင်ဘူး.」
ဒုက္ခပဲ……………………………
မှားတယ်လို့ သိနေတယ်.. သိလို့ ဝန်ခံလိုက်တယ် တောင်းပန်လိုက်တယ်.. ဒါမယ့်ကိုယ့်စိတ်ထဲ ကလန်ကဆန် ပြန်လုပ်ချင်နေသေးတယ်ပြောတာနော်.. =D
[...] ရဲ့ ငိုနေတဲ့မျက်ရည် ပိုစ့်ကိုဖတ်ပြီး သတိရလို့ Antibiotic [...]