Sep 012011
 

မထင်ထားမိဘူး..

ဒီလိုရေခဲတောင်ကြီးတွေဟာလည်း
တစ်ရက်ထက် တစ်ရက် အရည်ပျော် ပြိုကျလာတတ်တယ်ဆိုတာ..

“you’re always stupid and always his” တဲ့
ဟုတ်ကဲ့
ကျမ အင်မတန် တုံးအမိုက်မဲမိပါတယ်
အဆင်ခြင်မဲ့ခဲ့မိပါတယ်..
ဒါပေမယ့် လိပ်ပြာလုံစွာလည်းရိုးသားခဲ့ပါတယ်
အမြဲ ပေးဆပ်လိုခဲ့ပါတယ်
ကျမ စေတနာမှန်ခဲ့ပါတယ်..

တံတိုင်းဆိုတာ
တစ်ရက်ထဲကာလို့တော့မပြီးဘူးလို့ သိထားပေမယ့်
ဒီတံတိုင်းကြီးကတော့ အလျင်အမြန်ကာဆီးနေပါရောလား
ဟော ဒီလို မျက်စိတစ်လှည့်အတွင်း..

သေခြင်းတရားဟာ
မော်တော်ကားတစ်စီးအဖြစ်
ကျမနဲ့ လက်တစ်ကမ်းအလို..
ပိုမိုခံစားစေလိုစိတ်နဲ့များ ကားဆရာဟာ
ဘရိတ်ကိုအချိန်မှီအုပ်လေသလား..
မိုးတွေရွာနေချိန် ကတ္တရာလမ်းမပေါ် လဲကျနေတဲ့အခါ
လှပမယ်လည်း ထင်ပါရဲ့..

ကိုယ် ပြုမူပြောဆိုသမျှ
ကိုယ်တိုင် ပြန်လည်တာဝန်ယူရမယ့်အသိနဲ့
ခပ်မတ်မတ် ကျမ ရပ်လိုက်တယ်..

ကောက်ရိုးတမျှင်အဖြစ်
အားကိုးတကြီးကမ်းလိုက်ပေမယ့်
ဓားရိုးဖြစ်နေသတဲ့…

သြော်
ဒီတစ်ခါလည်း မှားပြန်တယ်..

  5 Responses to “ဓားရိုးတစ်ခုရဲ့အယူခံ”

  1. ကဗျာတော့ မဆန်လှဘူး.. နော်..

  2. ကဗျာမဆန်ပေမယ့် ဒသနဆန်တယ်.. Like..

  3. အားကိုးတကြီး နဲ့ ကမ်းလိုက်တာ ဓားရိုး ဖြစ်နေသတဲ့

    အခုမှ ဘာလို့ ဒီကဗျာကို ရက်ရက်စက်စက် ကြိုက်သွားမိလဲမသိ

  4. အမ် ဒီတခါ ကဗျာ တယ်ဆန်ပါလားလို့ ပြောမလို့ တခြားသူတွေနဲ့ အမြင်မတူဘူးဖြစ်နေတယ်

    • သူပြောတဲ့ ကဗျာမဆန်ဘူးဆိုတာ အဖြစ်သနှစ်က ကဗျာမဆန်ဘူးပြောတာ ထင်တယ်

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>