Nov 162011
 

ဒီနှစ် ၂၀၁၁ နိုဝင်ဘာမှာ တန်ဆောင်တိုင် တောင်ကြီးတက်ဖြစ်ပြန်တယ်.. မနှစ်က အလုပ်တွေရှုပ်လို့ မသွားလိုက်ရဘူး.. တောင်ကြီးကားလက်မှတ်က ပွဲတွင်းဆိုတော့ ခက်ခဲဆဲ..  ဒီတစ်ခေါက်သွားတာ အင်းထဲ နှစ်ခါပြန်ဆင်းဖြစ်လိုက်တယ်.. ဒါပေမယ့် ပုံတွေသိပ်မရိုက်ဖြစ်ဘူး.. ပွဲတစ်လျှောက်လုံးလည်း မရိုက်ဘူး.. ဘာဖြစ်တယ်တော့မသိ.. ဓာတ်ပုံရိုက်ဖို့ သိပ်ပြီး မတက်ကြွနေဘူးဖြစ်နေတယ်..

ပထမတစ်ခေါက် အင်းထဲက ရွှေညောင်ကနေ ညောင်ရွှေကို ကားနဲ့ ပြီးမှ ညောင်ရွှေဆိပ်ကနေ စက်လှေနဲ့.. ဒုတိယတစ်ခေါက်တော့ နန့်ပန်ဈေးနေ့ဆိုတော့ မနက်အစောထပြီး တောင်ကြီးကနေ ဆိုင်ကယ်တွေနဲ့ နန့်ပန်အထိ ကုန်းလမ်းကနေသွား.. နန့်ပန်ဈေးဝင် စားသောက် လျှောက်ကြည့်ပြီးမှ သူငယ်ချင်းအိမ်က လှေနဲ့ ဟိုနားဒီနား ပတ်သွားကြတယ်.. တောင်ကြီးကနေ နန့်ပန်ထိ ဆိုင်ကယ်နဲ့ သွားတာ.. ခန့်မှန်းခြေ .. အင်း.. ၃ နာရီလောက်တော့ ကြာမယ်ထင်တယ်..

နန့်ပန်ဈေးကုန်းဘက်ခြမ်း.. လှည်းတွေနဲ့ လာတဲ့ ရွာတွေရှိတယ်.. ညောင်ရွှေ-နန့်ပန် ရွာချင်းဆက်လမ်းတွေကတော့ ဖုန်ထူထူ လမ်းဆိုးဆိုးပဲ.. ဈေးထဲရောက်တော့ တဖွဲ့လုံး ဗိုက်တွေ ဆာပြီး ဘာစားစား စားကောင်းနေကြတယ်..


ဈေးထဲက ဆံသဆိုင်.. ခပ်လန်းလန်းပဲနော်..

ရှေးဟောင်းပစ္စည်း (ဆိုတာတွေ)လည်း ရောင်းကြတယ်.. အင်္ကျီဆိုင်တွေသိပ်များတယ်.. ကျန်တာတော့ ပုံမှန်ဈေးတွေလိုပဲ ဒေသထွက်တွေ ဆေးပေါ့လိပ်တွေ ပန်းတွေ စားစရာတွေ ဆေးတွေပါပဲ..

နန့်ပန်ဈေးလာတဲ့ လှေတွေ.. အောက်ပုံကတော့ ဒီဘက်က ကိုယ်တို့ အဖွဲ့ လှေပေါ်မှာ ဟေးလားဝါးလားသိပ်ဆူညံလွန်းလို့နဲ့တူတယ်.. ကြာခူးနေတဲ့ အင်းသူမလေးတစ်ယောက်က ပေစောင်စောင် လှည့်ကြည့်တယ်..

ပေါက်ပါးရွာထဲမှာ အဖွားတွေ အဒေါ်တွေအိမ် ခနဝင်နားတယ်.. ငါးကြော်တွေ ဝယ်စားကြတာ.. တစ်ပိဿာ တစ်ထောင်ထဲရယ်.. တချို့ကတော့ အင်းထဲက ငါးမစားဘူးပြောကြတယ်.. ကိုယ်တို့ကတော့ ဘာရမှာလဲ.. တစ်ယောက်ထဲ ၇ ကောင်တိတိ ထိုင်စားပစ်နေလို့ ဘေးကလူတွေ မျက်လုံးပြူးကြတယ်.. အိမ်ပေါ်ကနေ ဘုရားပေါက်ကို လှမ်းမြင်နေရလို့ ဓာတ်ပုံရိုက်ထားလိုက်သေးတယ်..

အဲ့ဒိနေ့က မနက် ၇ နာရီကနေသွားတာ အပြန် လမ်းမှာ ဆိုင်ကယ်မီးပျက်လို့ ညောင်ရွှေမှာ ဝင်ပြင်နေတာနဲ့ ဘာနဲ့.. ည ၉ နာရီလောက်မှ တောင်ကြီးအိမ်ပြန်ရောက်တယ်..  မနက် ဈေးထဲမှာတုန်းက တို့ဖူးသုတ်တွေ ဟင်းထုပ်တွေစား .. ပြီးတော့ ငါးကြော်တွေစား ဗိုက်တွေအင့်နေလို့ ထမင်းတောင် မစားနိုင်ဘူး.. “နောက်များတော့ ငါးကြော်လာမကျွေးနေနဲ့တော့.. မုန်းပြီ”လို့ ကျိန်းဝါးပြီး အိမ်ပြန်သွားတာ.. အိမ်မှာ ဒေါ်လေး ဘာဟင်းချက်လဲ မေးတော့.. ငါးကြော်.. ဆိုလို့ သူငယ်ချင်းတွေ ဝိုင်းရယ်ကြပြီး ကိုယ်တော့ ရှုံ့မဲ့နေတာပဲ..

  2 Responses to “Once upon a time in Innlay”

  1. ဒါမကုန်သေးဘူးမလား။ ဆက်ဦးမှာမလား ညီ?

    jr

  2. ပျင်းပြီ.. မဆက်တော့ဘူး.. ဟီးဟီး

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>