ကျမရဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းသွားခရီးစဉ်အကြောင်း ရေးထားတဲ့ ပို့စ်က သိပ်ရှည်ပြီး ပုံတွေ သိပ်များလွန်းလို့ အပိုင်း ခွဲတင်တာ ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ ရောက်တော့ ကျမ တော်တော်လေး ဒွိဟဖြစ်ရပါသေးတယ်.. ကျမရေးတဲ့ စာ .. ကျမ ပြောပြတဲ့ အကြောင်းအရာတွေကြောင့် သူတို့တွေကို ကူညီရာမရောက်ဘဲ ပိုပြီး ဝန်ပိုစေမလား.. ဒါမှမဟုတ် ကျမနဲ့ အတူခရီးသွားတဲ့လူတွေကို တစ်ခုခုထိခိုက်စေနိုင်မလား.. ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို နှောင့်နှေးစေမလားဆိုပြီး ကျမ အကြိမ်ကြိမ်စဉ်းစားပါတယ်.. ဒါပေမယ့် ကျမက ကိုယ်တိုင် သိကြားခံစားလာရတဲ့လူပါ.. ကျမသိလာသမျှကို မပြောပြဘဲ ချန်ထားရင် အပြစ်ရှိသလို ကျမ ခံစားရပါမယ်.. ဒါကြောင့် သိလာကြားလာသလိုပဲ ကျမ ပြန်ပြောပြလိုက်တော့တယ်.. လူသားခြင်းစာနာတတ်သူအားလုံး မျှဝေနားလည်တတ်ဖို့ပါ..

(ကျမတို့ အလှူပစ္စည်းတွေနဲ့ စခန်းတွေက တာဝန်ခံတွေ)

စစ်စဖြစ်နေပြီဆိုတာကို ကြားတဲ့အခါ တချို့ရွာတွေက စစ်ဘေးနဲ့လွတ်နေပါသေးတယ်.. ဒါပေမယ့် တနေ့နေ့မှာ စစ်ကြောင်းဟာ သူတို့ရွာပေါ်မှာ ကျလာနိုင်တယ်ဆိုတာကို တွက်မိတော့ ရွာလေးတွေက တောထဲကိုကြိုပြေးထားကြတာမျိုးလည်းရှိပါတယ်.. ရွာတစ်ရွာက အဲလိုပဲ ကြိုပြေးခဲ့ကြတာ.. ကြိုပြေးပြီးတောနက်ထဲမှာ တဲလေးဆောက်ပြီး နေကြတာပေါ့.. ညနေခင်းတစ်ခုကျတော့ စစ်တပ်က အဲ့ဒိ သူတို့ပုန်းနေတဲ့ တောထဲထိရောက်လာကြပြီး ရွာကို ဝင်ပစ်ပါတယ်.. ချောင်းစပ်နား တောစပ်နား ဆော့နေကြတဲ့ ကလေးတွေကို တွေ့ရာမြင်ရာဆွဲပြီး ရွာသားတွေလည်း တောထဲ ဝင်ပုန်းကြပေမယ့် ရွာထဲမှာ ကလေးမွေးပြီးတာ ၇ ရက်လားပဲ ရှိသေးတဲ့ မိန်းမတစ်ယောက်နဲ့ သူ့ရဲ့ ၇ ရက်သား ကလေးလေးရယ်.. ၄ နှစ်သမီးလေးတစ်ယောက်နဲ့ သူ့ အမေရယ်.. ၄ ယောက်ရွာထဲမှာ ကျန်ခဲ့ကြပါတယ်တဲ့..

(စခန်းမှာမွေး စခန်းမှာ ကြီးတဲ့ ကလေးလေး ချေ့ချေ့)
တောထဲမှာပုန်းနေတဲ့ ရွာသားတွေလည်း တစ်ညလုံး ကလေး ၂ ယောက် ငိုသံကိုကြားနေရတော့ ဝေးဝေးကိုမပြေးသွားရဲဘဲ တစ်ညလုံးစောင့်နေပြီး မနက်ခင်းမိုးလင်း စစ်တပ်က ထွက်သွားတော့မှ အဲ့ဒိ ၇ ရက်သားလေးရဲ့ အဖေရယ်.. ၄ နှစ်သမီးလေးရဲ့ အဖိုးရယ် ရွာထဲ သွားပြန်ကြည့်ကြပါတယ်.. ကလေး ၂ ယောက်ကတော့ ငိုရလွန်းလို့ အသံလည်းမထွက်တော့ဘဲ ပြာနှမ်းနေကြပါပြီ.. ဘယ်ဘက်နံရိုးကနေ ညာဘက်နံရိုးထိ ထုတ်ချင်းပေါက်နေတဲ့ ဘက်နက်ဒဏ်ရာကြီးနဲ့ ၇ ရက်သားလေးရဲ့ မိခင်ရဲ့ အလောင်းကိုတော့ ကျောက်တုံးနဲ့ဖိထားခဲ့တာ အလောင်းလည်းမယူနိုင် ကြည့်လည်းမကြည့်ရက်လို့ လှည့်ကိုမကြည့်ဘဲ ကလေးတွေပဲ ချီပြီး ပြန်ထွက်လာခဲ့ကြပါသတဲ့.. ၄ နှစ်သမီးလေးရဲ့ အမေကတော့ အဲ့ဒိ စစ်ကြောင်းနဲ့အတူပါသွားတာ.. ခုထိ သတင်းအစအန မရဘူးလို့ ဆိုပါတယ်..
အဲဒါတွေကြားရတော့ ကျမစိတ်ထဲ မကောင်းပါဘူး.. စစ်ဖြစ်နေတာဖြစ်လို့ လက်နက်ကိုင်ထားတဲ့ စစ်သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်နေတာဟာ အကြောင်းမဟုတ်ပေမယ့် အပြစ်မရှိတဲ့ ပြည်သူတွေကပါ စစ်ဘေးစစ်ဒဏ်ခံရပုံကြီးကတော့ ဆိုးဝါးလွန်းပါရဲ့.. စစ်သားတွေဘက်ကကြည့်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ အနေထိုင်ဆင်းရဲ စိတ်ဆင်းရဲနေပြီး မိကွဲဖကွဲ တောကြီးထဲမှာ သွားလာနေထိုင်နေရတာ.. နေ့သေမလား ညသေမလားမသိတဲ့ အခြေအနေမှာ စိတ်ရိုင်းစိတ်ကြမ်းတွေ ဝင်လာမှာအမှန်ပါပဲ.. ကမ္ဘာပေါ်မှာ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားတွေတိုင်းဟာ သူတို့ ဒုက္ခနဲ့ သူတို့ကိုယ်စီရှိကြမှာလည်း အမှန်ပဲမို့ သူတို့အတွက်လည်း တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တော့ စစ်ဆိုတာကြီးက ကောင်းကို မကောင်းတာပါ.. ဘယ်သူ့အတွက်မှ ကောင်းကျိုးကို မပေးဘူးလို့ မြင်မိပါတယ်..

အင်္ဂါနေ့မနက်မှာ ကျမတို့ အစည်းအဝေးလုပ်ကြတော့ အပြီးသတ်ကျေးဇူးစကားပြောပေးတဲ့ ကချင်လူမျိုး ရွာသူကြီးတစ်ယောက်က ပြောပါတယ်.. ခုလို ဗမာလူငယ်တွေ လာတာ သူတို့ သိပ်ဝမ်းသာပါတယ်တဲ့.. ဗမာတွေကို သူတို့ချစ်ပါတယ်တဲ့.. တကယ်တော့အားလုံးက လူတွေချည်းပဲမို့ ခုလို လာပြီး ကူညီခြင်းအားဖြင့် ပစ္စည်းနည်းတာ များတာပေါ်မူမတည်ဘဲ စိတ်စေတနာပေါ်ပဲ မူတည်တာမို့ သိပ်ကျေးဇူးတင်ပါတယ်တဲ့.. လိုအပ်တဲ့ပစ္စည်းတွေ နောက်လည်းထောက်ပံ့ကူညီမယ်ဆိုလို့ ဝမ်းသာပေမယ့် သူတို့ တကယ်လိုချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး.. ငြိမ်းချမ်းရေးပါတဲ့.. သူတို့ အိမ်ပြန်ချင်ပါတယ်တဲ့.. ကိုယ့်လယ်ယာ ကိုယ့်မြေ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစု အေးအေးချမ်းချမ်းနေထိုင်ရတာကို လိုလားတာမို့ အဲ့ဒိအတွက်လည်း ကျမတို့က ကြိုးစားပေးကြပါလို့ သူက မျက်ရည်တွေနဲ့ ကျေးဇူးစကား ပြောသွားခဲ့ပါတယ်.. ကျမတို့ကလည်း အစိုးရပိုင်းကလည်းမဟုတ်.. ဘာအဖွဲ့အစည်းကမှလည်း မဟုတ်တဲ့ သူတို့လို သာမာန်ပြည်သူတွေပဲမို့ တချက်ထဲနဲ့တော့ မတတ်နိုင်ပေမယ့် တတ်နိုင်သမျှ ကိုယ်လုပ်တတ်သလောက် ကူညီပါ့မယ်လို့ ကတိပေးခဲ့ကြပါတယ်..

(စခန်းမှာနေထိုင်နေရင်း ရတဲ့အလုပ်လုပ်ပြီး တရုတ်ရွာဈေးတွေမှာရောင်း.. လိုအပ်တာတွေ ဝယ်ရပါတယ်)

(ရှိတာလေးနဲ့ ပျော်အောင်ဆော့နေကြရတဲ့ ကလေးလေးတွေ)
သူတို့ အိမ်ပြန်ချင်ကြပါတယ်.. ကျမတို့က ကျမတို့အိမ်မှာ မိသားစု စုံညီစွာနဲ့.. မီးအလင်းရောင်တွေနဲ့ တီဗီတွေ ကွန်ပျူတာတွေနဲ့.. အင်တာနက်တွေ အဲကွန်းတွေနဲ့ ကျမတို့ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ.. ကျမတို့လိုပဲ မိသားစုရှိတဲ့ ကျမတို့လိုပဲ ခံစားတတ်တဲ့ ကျမတို့လိုပဲ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ လူတချို့တွေကတော့ တာလပတ်မိုး တာလပတ်ကာ တဲကလေးတွေထဲမှာ မိသားစုတွေ သေကွဲတွေ ရှင်ကွဲတွေ တကွဲတပြား.. မီးမရှိ ရေမရှိ.. ရောဂါကုစရာ ဆေးဝါးမရှိ.. စားစရာဝလင်စွာမရှိတဲ့ အနေအထားနဲ့ ဒုက္ခခံနေကြရပါတယ်..
ဒါတွေကို ကျမတို့ သိလာရပြီ.. ကျမ သိသလို စာဖတ်သူအားလုံးကိုလည်း တတ်နိုင်သမျှ သိအောင် ပြောပြပြီးပြီ.. သူတို့ဆီက ပြန်လာတော့ ကျမတို့ကို ကားနားထိ လိုက်ပို့ကြရင်း ဖက်လှဲတကင်းနှုတ်ဆက်တဲ့အခါ.. (နောက်တစ်ခါ ပြန်တွေ့ကြဦးမယ်.. ဒါပေမယ့် ဒီမှာမဟုတ်ဘူး.. ကချင်ပြည်မှာ)လို့ ပြောတော့ သူတို့ ငိုကြပါတယ်.. (ငါတို့လည်း တွေ့ချင်ပါတယ်.. ဒီမှာ မဟုတ်ဘူး.. ငါတို့ရွာမှာ ဧည့်ခံမယ်)လို့ ပြောကြတယ်..

ဟုတ်တယ်.. သူတို့ အိမ်ပြန်ချင်ကြပါတယ်..

ပို့စ်အဆုံးမှာ ရင်ထဲကိုထိထိခိုက်ခိုက် ခံစားရပါတယ်
အိမ်ပြန်ချင်တယ် ပို့စ်ကို အခြေအနေမှန်တိုင်း ကိုယ်တွေ့ ရေးပေးတဲ့ နန်းညီ ကို ဖတ်ရသူ တယောက်အနေနဲ့ ကျေးဂျူးကဘာ ပါ။ ဒူကဘာ
ငါ့ညီမလေး နည သိပ်တော်တယ်း)
ဖတ်ရတာ ရင်ထဲ အတော်ဆို့သွားတယ်။
ငိုချင်တယ်..နညရယ်။
This is a neat summray. Thanks for sharing!
ထပ်ကာ တလဲလဲ ဖတ်နေ…။
Thanks 4 ur love…
I want to contact ma nang nyi. I admire ma nang nyi
(( စီဘောက်စ်မှာ ပြောဖြစ်တာတွေ သိပ်ကောင်းလို့ ဒီမှာ ပြန်တင်လိုက်ပါတယ်.. (ချစ်ပု = နည = နန်းညီ ဖြစ်ပါတယ်)
————————————————–
Dragon Nay: chit pu.. ur trip story is cool…God bless u
Dragon Nay: but….ချစ်ပုကိုအကြံပေးလို့ရမလား
နည: ပေး
Dragon Nay: ဘယ်တော့မှ စစ်သားက အရပ်သားကို သတ်တာ၊ မုဒိန်းကျင့်တာကို နားလည်ပေးသယောင်ယောင် ဘယ်တော့မှ၊ ဘယ်ဘာသာစကားနဲ့မှ၊ ဘယ်နိုင်ငံ အတွက်ကို မဆို ရေးပေးစရာ မလိုဘူး၊ စာရေးသူက ဒီစည်းကို အမြဲစောင့်ဖို့ လိုတယ်၊ လူ့ အသိုင်းဝန်းတွက် သိပ်အရေးကြီးတယ်.. အမြဲဆန့်ကျင်ပါ၊ သိပ်အကျပ်တည်းရောက်မှ ဘာမှမပြောဘဲနေရင် ခဏနေလိုက်/ ဒို့ လဲ စစ်ထဲနှစ် တော်တော်ကြာပျော်ဖူးတယ်။
စစ်သားတွေမှာ ခရီးကြမ်းလို့ သတ်ခံရလို့ စိတ်ရိုင်းဝင်တာ မရှိပါဘူးကွာ၊ သူတို့ကို လေ့ကျင့်ပေးတဲ့ သူတွေရဲ့ ချပေးတဲ့ အတွေးပေါ် မူတည်ပြီး ချွတ်ခြုံကျပြီး လူမဆန်တာ လစ်သလို လုပ်နေကြတာ။
Dragon Nay: အခုဟာကဗြောင် ၊ကြောက်စရာကြီး
Vista: စိတ်ဓါတ်မခိုင်မာသူတွေ ဖြစ်တတ်ပါတယ်.. အသိတရား ရပ်တည်ချက်မခိုင်မာသူတွေ ဖြစ်တတ်တယ်
နည: အင်း.. ကြားဝင်ရေးပေးတာမျိုးတော့ မဟုတ်ဘူး.. စိတ်ထဲရှိသလို တကယ်ရေးတာ.. အဲ့အဖြစ်ကိုကြာလိုက်ရချိန်မှာ ဖျတ်ကနဲ သွားတွေးမိတာ အဲ့ဒါပဲ.. လူတိုင်းဟာ လူသားပဲ. လူတိုင်းက သက်သာအေးချမ်းစွာနေချင်မှာပဲ.. ဘသူမှ တောထဲတောင်ထဲ ငတ်ပြတ် ပေရေပီး လူသတ်နေရတာကို လုပ်ချင်မယ် မဟုတ်ဘူးလို့ တွေးမိလိုက်တာ
Dragon Nay: yes…that’s true.. but…U can’t write like ..ညသေမလားမသိတဲ့ အခြေအနေမှာ စိတ်ရိုင်းစိတ်ကြမ်းတွေ ဝင်လာမှာအမှန်ပါပဲ.. never do like that sweet heart..
Vista: ဟုတ်တယ်လေ ဂျာမန်တွေ ရှုရှားဝင်တော့လည်း ဒီလိုပဲရုရှတွေ ဂျာမန်ပြန်သိမ်းတော့လည်း ဒီလိုပဲ.. ဒါပေမယ့် ခုက တိုင်းရင်းသားလေ .အပြစ်မရှိတဲ့ရွာသားတွေ .. အရာရှိက ကောင်းကောင်း သမ ပေးရမှာ
နည: ပြန်တောင်ဖျက်ပစ်ချင်လာပီ
Dragon Nay: ချစ်ပုရဲ့ခရီးစဉ်ကိုဂုန်ယူထောက်ခံပါတယ်၊လေးစားမှူလဲအများကြီးပေးပါတယ်)))
စာသားအဖြစ်ဖတ်ရတာနဲ့တင် ရင်ထဲနင့်တယ် …. ။
it’s so sad to read but i’m proud of u.
မနန်းညီ ကျွန်တော့် မျက်နှာစာအုပ်မှာ ရှယ်ခွင့်ပြုပါ။
စိတ်တော်တော်မကောင်းဘူးး( စိတ်မကောင်းကြောင်းပြောဖို့ စကားလုံးလည်း ရှာမတွေ့ပါ ..
လေးစားဂုဏ်ယူပါတယ် ..
ပြည်သူပြည်သားအားလုံး မျှော်လင့်တဲ့ ငြိမ်းချမ်းရေးပန်းတိုင် အမြန်ဆုံးရောက်ဖို့လည်း ဆုတောင်း မေတ္တာပို့ပါတယ် ..
မျက်ရည်ဝဲတဲ့အထိခံစားရတယ်။ လေးစားဂုဏ်ယူပါတယ်။
ဟယ်လို မနန်းညီ…
မနန်းညီရဲ့ ခရီးသွားဆောင်းပါးလေးကို ကျွန်တော့် မလေးရှားနိုင်ငံထုတ် News Colour Journal မှာ ထည့်သုံးစေချင်ပါတယ်။
ကချင်ပြည်နယ်က ဒုက္ခသည်တွေအကြောင်း ပြန်လည်မျှဝေချင်လို့ပါ။
ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။
newscolour@gmail.com
မှာ ကျွန်တာ့်ကို ဆက်သွယ်နိုင်ပါတယ်။
လေးစားစွာဖြင့်
လင်းရောင်
မျက်ရည်တောင်ဝဲမိတယ်တစ်ကယ်ပါပဲ
ကမ္ဘာကြီးငြိမ်းချမ်းနေပြီထင်နေတာ အဲတာတွေမြင်ရတော့
တစ်ကယ်ကိုခံစားရတယ်
လေးစားခင်မင်လျှက် jasmine
[...] အိမ်ပြန်ချင်တယ်(၃) [...]
[...] part three of her entry, Nang Nyi wrote about the terrible ordeals that the Kachin villagers faced: One evening, the (Burmese) army came to the place where the [...]
ဟုတ်ကဲ့ ဖတ်သွားခဲ့ပါတယ် ကျတော်လည်း အိမ်ပြန်ချင်ပါတယ် ဆရာမရယ် ထပ်တူခံစားရပါတယ်
Nang Nyi…
Omg..!!
i m crying,,,, :’(
You make me cry….
thnx 4 sharing