Apr 052012
ညီမလေး ရေ …
မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..
မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …
မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..
မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တက်ဖို့ …
တကယ်တော့ အောင်မြင်တယ်ဆိုတာဟာ ရေပွက်လေးပါ ညီမလေးရယ် ..
ဘ၀ ဆိုတာ မင်းခြေရင်းက ကံကော်တွေလို ဘယ်မွှေးနေပါ့မလဲ ..
မင်းတည်ဆောက်တာတွေ လဲပြိုတဲ့အခါ …
မင်းအိမ်မက်တွေ မိုးပြိုတဲ့အခါ …
မင်း စိတ်ကူးတွေ လှိုင်းထန်တဲ့အခါ …
မင်း သမိုင်းရဲ့ အရိပ်က မင်းကို အမြဲ ကြည့်နေမှာ …
အဲ့တော့ ညီမလေးရယ် … ကျေးဇူးပြုပြီး …
ဘယ်တော့မှ … မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..
ဘယ်တော့မှ … မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …
ဘယ်တော့မှ … မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..
ဘယ်တော့မှ … မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တတ်ဖို့ …
” The road to success is always under construction.”
For my Honey ..
—————–
by Ye Aung Thu

ကဗျာထဲမှာ ခံစားမိတာ…. ကဗျာရေးသူဟာ … အမျိုးသမီးလေးကိုလဲ အားပေးရင်း ကိုယ့်ဘာသာကိုယ်လဲ အားတင်းရင်း.. ရေးထားသည့်နှယ် …
cheap present
usually tweenage girls fall for it LOL