Apr 142012
 

မန္တလေးကို အကြိုနေ့မတိုင်ခင်မှာ ရောက်တယ်..ဓာတ်ပုံသမားအဖွဲ့လိုက်ကြီးနဲ့ လျှောက်လိုက်ရင်း ကမြောက်ကခြောက်ဓာတ်ပုံနည်းနည်း ရိုက်ဖြစ်သေးတာပေါ့.. သိပ်အကောင်းကြီးတွေ မဟုတ်သော်ငြား အမှတ်တရ ကြည့်ကြပါ..

မဏ္ဍပ်ရှေ့က လူတွေကို ရိုက်ဖြစ်တယ်.. အေးဆေးပဲဗျ.. သူတို့ဘာသာ ကဲတာ ကဲတာပဲ.. ကိုယ့်တော့ ရေတစ်က်မှ လာမစိုဘူး..

မြို့တော်ဝန်မဏ္ဍပ်ပေါ်ကို တက်ရိုက်ဖြစ်တယ်.. မင်းသား မင်းသမီး အဆိုတော်တွေ လာကြတော့ ယိမ်းကမယ့် ကျောင်းသူလေးတွေက ဆွဲကြလွဲကြ အော်ဟစ်ကြနဲ့ ပျော်ဖို့ကောင်းသားပဲ.. သူတို့ကို ကြည့်ရင်း ကိုယ်ပါ အဲ့ဒီအဆိုတော်တွေကို ပြေးဖက်ချင်လာ..

ချစ်ချစ်ခင်ခင် ပြုံးပြုံးရွှင်ရွှင်ပေါ့.. ယိမ်းကမယ့် ကျောင်းသူလေးတွေအတွက် ဦးဦးရဲသားကြီးတွေက လမ်းရှင်းပေးတယ်.. မဏ္ဍပ်လုံခြုံရေးတွေလည်းရှိတယ်..

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-prn1/p480x480/528543_2026922728890_1718711968_976080_717140873_n.jpg

ငွေငန်းမြို့မ လာပြီလေ ~~ ဆိုတဲ့ စာသားလေးပဲ ခေါင်းထဲကထွက်တယ်.. ဘာတွေ ညာတွေရယ် မဟုတ်တောင်မှ ငွေငန်းကားဆိုရင် လူတွေ တော်တော်လေး  စိတ်ဝင်တစားရှိကြတယ်..

မန်းန္တလေးရဲ့ ရေမြောင်းစနစ်ဟာ တော်တော်ဆိုးဝါးပုံရတယ်.. ရေတွေ လျှံကျ နောက်ကျိ ညစ်ပတ်နေတာပဲ.. ဒါပေမယ့် ရေကူးတဲ့ကလေးတွေက ကူးကြတယ်..

ကြီးလာရင်တော့ ဘာစတိုင်ထွက်လာမယ်မသိ.. ခုတော့ အလန်းပဲ..

ဘာရယ်မဟုတ်ဘူး .. ဒီ ၂ ယောက် ခါးလေးဖက် ပုခုံးလေးဖက်ရင်း မဏ္ဍပ်ပေါ်မှာ အေးအေးဆေးဆေး ရှိနေတာကို အားကျလို့ ရိုက်လာဖြစ်တယ်.. လူတွေကို ကြည့်ရင်း သူတို့ အတင်းပြောနေကြသဗျ.. ရယ်ကြသဗျ.. ချစ်ချစ်ခင်ခင် အေးအေးဆေးဆေး.. နှစ်သစ်ကို အတူဖြတ်သန်းနေကြတယ်..

မန္တလေးမှာ အကြို အကျ နှစ်ရက်နေပြီး ပထမ အကြတ်နေ့မှာ ကိုယ်ရန်ကုန်ပြန်လာတယ်.. အိမ်မှာ နှပ်နေတယ်.. ဇိမ်ပဲ.. သင်္ကြန်ရေစိုမှာမုန်းတဲ့ လူတစ်ယောက်အတွက် ရုပ်ရှင်ခွေတွေ စာအုပ်တွေ သီချင်းခွေတွေနဲ့ အင်တာနက်.. ပြီးပြည့်စုံပြီပဲ..

ခုထိ ရေမစိုသေးဘူး.. =)


  5 Responses to “Mandalay ThinGyan 2012”

  1. ဒီကပိုဆိုးတယ် တရက်မှတောင် အိမ်ထဲက မထွက်သေးဘူး

  2. သင်္ကြန်မှာရေမစိုတာ ပက်မယ့်သူမရှိလို့ပဲဖြစ်မယ် :)

    • ရှိပ.. =P
      သူ တစ်ယောက်ပဲ ပက်လို့ စိုသေးတယ်..

  3. ဒီမှာတော့ ရေလုံတဲ့ကင်မရာထည့်ဖို့အိတ် ဝယ်မရတာကြောင့် ထိုင်းသင်္ကြန်မရိုက်ဖြစ်လိုက်ဖူး နန်းညီ
    နန်းညီရိုက်ထားတာလေးတွေ ကောင်းပါတယ်
    နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ

  4. ပုံတွေ လှတယ်အေ… ကြိုက်တယ်အေ…. သဘာဝပေါ့အေ…
    အလန်း ကလေးပုံလေး ချစ်လိုက်တာ..

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>