May 092012
 

ကျနော်ကတော့ ပန်းချီကို နားမလည်ပါဘူး.. ကျမကတော့ ပန်းချီကို မခံစားတတ်ဘူး.. စသဖြင့် ပြောတဲ့ စကားသံတွေကို ကြားရတဲ့အခါ တော်တော်လေး ဘဝင်မကျဖြစ်မိတယ်.. မခံစားတတ်ဘူးဆိုတဲ့ သူတို့ကို မဟုတ်ပါဘူး.. ခံစားတတ်အောင် ဓာတ်ခံလေး မွေးမြူမပေးလိုက်တဲ့ ကိုယ်တို့ရဲ့ ပညာရေးစနစ်ကြီးကိုပဲ ဆိုပါတော့..

တကယ်တော့ လူသားတိုင်းဟာ မွေးဖွားလာချိန်မှာ အနုပညာဓာတ်ခံ ပါလာပြီးသားပါ.. ဒါကို သိပ္ပံနည်းကျ လေ့လာထားသူတွေကလည်း ထောက်ခံကြတယ်.. ကလေးတွေ ငယ်တုန်းက ပန်းချီဆွဲကြတယ်.. ကလေးတိုင်း နီးပါးပဲ.. ပန်းချီဟာ အရောင်တွေ အရုပ်တွေကို အခြေခံတာမို့ ကလေးတွေ စကားမတတ်ခင် စာမတတ်ခင်ကတည်းက သူတို့ပြောလိုရာ ဖော်ပြလိုရာကို ပန်းချီအခြေခံအနေနဲ့ ဖော်ပြတတ်ကြပါတယ်.. ကိုယ်တို့ ပတ်ဝန်းကျင်မှာလည်း မကြာခဏကြားဖူးနေတာပဲ “ငယ်ငယ်တုန်းကတော့ ဆွဲတယ်.. နောက်မှ ဘာမှန်းကိုမသိတော့တာပါ” ဆိုတာမျိုးတွေ.. တကယ်တော့ ကလေးတွေမှာ နဂိုပါလာတဲ့ ပန်းချီဗီဇကို လူကြီးမိဘနဲ့ ပတ်ဝန်းကျင်က ပျောက်ကွယ်ပြောင်းလဲသွားအောင် လုပ်လိုက်တာပါပဲ..

http://upload.wikimedia.org/wikipedia/commons/e/e3/Faroe_stamp_041_childrens_year_%28children_of_different_skin_colour%29.jpg
(ကလေးများနှစ် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ Snorri Petersen ဆိုတဲ့ ၈ နှစ်သားကလေးဆွဲသည်)

ကိုယ်တို့ ကျောင်းတက်တုန်းက ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းမှာ ပန်းချီဆိုတဲ့အချိန်ပါတယ်.. ကိုယ်က နဂိုနေ ပန်းချီဝါသနာပါသူလည်းဖြစ် ကိုယ့်အသိုင်းအဝိုင်းကလည်း ပန်းချီကို မြေတောင်မြှောက်ပေးတတ်ကြသူမို့

လို့ အဲ့ဒါကို ပျော်ခဲ့တာပေါ့.. ဒါပေမယ့် ပန်းချီဆိုတဲ့အချိန်မှာ အတန်းထဲမှာ တစ်ခါမှလည်း ပန်းချီမဆွဲရပါဘူး.. မပြီးသေးတဲ့ သင်္ချာတွေ တွက်ခိုင်းတယ်.. မှတ်စုပေးလို့ မပြီးသေးတဲ့ သိပ္ပံမှတ်စုတွေ လိုက်ကူးရတယ်.. တစ်ခါတလေ အတန်းသန့်ရှင်းရေးလုပ်ရတယ်.. တစ်ခါတလေ စာကျက်ပြီး revision လုပ်တဲ့အခါလုပ်ရတယ်.. ဘယ်မှာလဲ ကလေးတွေအတွက်  အနုပညာမျိုးစေ့..တိုင်းပြည်တပြည် နိုင်ငံတနိုင်ငံကို ထူထောင်တဲ့အခါမှာ ကာယအားနဲ့ တိုက်ယူတဲ့ သူရဲကောင်းတွေ လိုအပ်တာ မှန်ပေမယ့် အဲ့ဒီ့တိုင်းပြည် ရေရှည်တည်တံ့ခိုင်မြဲအောင် ဥာဏအားနဲ့ ထိန်းသိမ်းပေးမယ့် ဥပဒေသမားတွေ အတွေးအခေါ်သမားတွေလည်း လိုအပ်ပါတယ်.. အဲ့ဒီလိုပါပဲ.. တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတွေ ထုံးစံဓလေ့တွေ တိုးတက်တည်မြဲအောင် လုပ်ဆောင်မယ့် အနုပညာရှင်တွေကိုလည်း လိုအပ်တာအမှန်ပဲ.. တရုတ်ပြည်ကြီး နှစ်ပေါင်းရှည်ကြာ ခိုင်မြဲနေပြီး သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေ ရိုးရာတွေဟာ ခုဆို ကမ္ဘာအနှံ့မှာ လွှမ်းမိုးခံနေရပါပြီ.. ဟိုး အရင်ခေတ်တွေကထဲက ဂရိနဲ့ ရောမကို ကြည့်ရင် ရောမဟာ စစ်ရေး တိုက်ခိုက်ရေးမှာ သူမတူအောင် သာလွန်တဲ့ တိုင်းပြည်လူမျိုးပါ.. ဂရိကိုတိုက်ခိုက်ပြီး အောင်နိုင်တော့ ဂရိက တွေးခေါ်ပညာရှင်တွေ အနုပညာရှင်တွေ လက်မှုပညာရှင်တွေကို သတ်မပစ်ဘဲ သူတို့ဆီကနေ ပြန်ပြီး ပညာတွေသင်ယူပါတယ်.. ပြောရရင် တိုင်းပြည်ကို သိမ်းယူပြီး ဂရိယဉ်ကျေးမှုနဲ့ အနုပညာတွေကိုပါ မွေးယူလိုက်တာမျိုးပါပဲ..အနောက်တိုင်းက အခြေခံပညာကျောင်းတွေမှာ အနုပညာကို ရသကို သီးသန့်ဘာသာရပ်အနေနဲ့ သင်ကြားပါတယ်.. ကလေးတွေ ငယ်ငယ်ကတည်းက ကမ္ဘာကျော်ပန်းချီကားတွေကို လေ့လာရတယ်.. အရောင်တွေ အရိပ်တွေ နိမိတ်ပုံသဘောတရားတွေကို လေ့လာရတယ်.. ဘဲလေးကတာတို့ သီချင်းဆိုရတာတို့လည်းရှိတော့ သိပ်ကောင်းတဲ့စနစ်ပဲလို့ ကိုယ်ကတော့ အားရမိပါရဲ့.. မွေးကတည်းကပါလာတဲ့ အနုပညာချစ်စိတ်ကို ပျောက်မသွားအောင် ဆက်ရှင်သန်လာအောင် စနစ်တကျ သင်ကြားပေးလိုက်တာဟာ သိပ်ကောင်းတဲ့ပညာရေးပါ.. ဒီကလေးတွေကြီးလာတဲ့အခါ ပန်းချီကို အနုပညာကို ဆက်ပြီးမလေ့လာမသင်ကြားဘူးဆိုရင်တောင် သူ့စိတ်အခြေခံမှာ ပန်းချီသဘောတရားတွေကို နားလည်နေပြီ.. ပညာရှင်တစ်ယောက်လို ထဲထဲဝင်ဝင်မသိဘူးဆိုတာတောင် ပန်းချီကားကြည့်တာလောက်တော့ သူကြည့်တတ်နေပါပြီ..

ပန်းချီကားကြည့်တာ ဓာတ်ပုံကြည့်တာဟာ ရသပါ.. ရသ သဘောတရားကို နားလည်တဲ့လူဟာ တီထွင်ဖန်တီးမှုမှာလည်း အားကောင်းလာပါတယ်.. ရသ သဘောတရားကို သိတဲ့လူဟာ ရုပ်ရှင်ကြည့်ရင်တောင် ပညာသားပါပါ ကြည့်တတ်လာပါတယ်.. ရုပ်ရှင်ကို ဓာတ်ပုံကို ပန်းချီကားကို ဆန်းစစ်ဝေဖန်တတ်လာပါတယ်.. အခြေခံကျကျ ဆန်းစစ်တတ်လာတာနဲ့အမျှ ကိုယ်တိုင်ဖန်တီးတဲ့အခါမှာလည်း အသစ်အသစ်တွေ.. ပိုကောင်းတာတွေကို ဖန်တီးတတ်လာပါတယ်.. သီအိုရီပိုင်ပြီးသားလူတစ်ယောက်က အဲ့ဒီ့အပေါ်မှာ ထပ်ကွန့်ပြီး ဘယ်လိုပဲ ဆန်းသစ်တီထွင်ပါစေ အခြေခံကိုမလွတ်သွားဘဲ လက်ခံနိုင်စရာ အသစ်အဆန်းတွေ ပေါ်လာတဲ့သဘောမျိုးပဲပေါ့..

ပီကာဆိုကို ကြားဖူးကြမယ်ထင်ပါတယ်.. ပန်းချီဝါဒ အသစ်တစ်ခုကို အောင်မြင်စွာတီထွင်ရေးဆွဲနိုင်ခဲ့တဲ့ ကမ္ဘာကျော် ပန်းချီဆရာပါ.. သူရေးတဲ့ cubism ဆိုတဲ့ပန်းချီကို ကလေးပန်းချီလို့ အရူးပန်းချီလို့ အဲ့ဒီခေတ် အဲ့ဒီအခါတုန်းက ဝိုင်းဝန်းရှုံ့ချခဲ့ကြပါပေမယ့် သူဟာ ပြီးစလွယ်ရေးခဲ့တာမျိုးမဟုတ်ပါဘူး.. အခြေခံကို ပိုင်ပိုင်နိုင်နိုင်ရထားပြီး ပန်းချီသဘောတရားတွေကို ကျေကျေညက်ညက်ရှိနေမှသာ အသစ်တီထွင်မှုကို ကူးပြောင်းခဲ့တာပါ.. ပြောချင်တာက  အခြေခံသဘောတရားဟာ လူတိုင်းမှာရှိသင့်တယ်ဆိုတာပါ..


(ပီကာဆိုရဲ့ နာမည်ကြီး ငြိမ်းချမ်းရေးသင်္ကေတ လိုဂို)

ခုခေတ်မှာ ပန်းချီသဘော ဒီဇိုင်းသဘောဟာ ဘယ်နေရာမှာမှ မလွတ်ကင်းတော့ပါဘူး.. သာမန်နေ့စဉ်သုံးပစ္စည်းတွေက စပြီး.. ဖက်ရှင်တွေ အဝတ်အစားတွေအလည်.. တိုက်တာအဆောက်အဦတွေအဆုံး.. ပန်းချီအမြင် ဒီဇိုင်းသဘောတွေကို ထည့်သွင်းစဉ်းစားလာကြပါပြီ.. ဒါက ပိုတိုးတက်တဲ့ ပိုခေတ်မီတဲ့ ပိုအဆင့်တန်းမြင့်တဲ့ လူ့ဘောင်လောကကို ဦးတည်လာတယ်ဆိုတာ ပြောစရာတောင် လိုတော့မယ်မထင်ပါဘူး.. ဒါပေမယ့် မြန်မာပြည်မှာတော့ ဒါတွေဟာ တကယ် တန်ဖိုးထားခံရရဲ့လား..

နိုင်ငံတကာမှာ ဆန်းသစ်တဲ့ အနုပညာဝါဒတွေ သဘောတရားတွေ အများကြီး အများကြီးထွက်ပေါ်လာချိန်မှာ မြန်မာ့ အနုပညာလောကမှာ အခြေခံမပိုင်တဲ့ အခြေခံမရှိတဲ့ ယောင်ဝါးဝါးကိစ္စတွေ ဖြစ်နေတုန်းပါပဲ.. တခြားနေရာတွေကို ထားပြီး ပန်းချီ ဒီဇိုင်းလောက ကိုပဲ ကြည့်လိုက်ရင်တောင် အားရစရာမရှိပါဘူး.. ပန်းချီဝါဒတွေမှာ နိုင်ငံတကာနဲ့ မယှဉ်နိုင်.. ကမ္ဘာကိုထိုးဖောက်နိုင်တဲ့ မြန်မာ့ပန်းချီဆရာဆိုတာ ရှားပါးလွန်းပါတယ်.. ဒီဇိုင်းလောကမှာဆိုလည်း ဒီဇိုင်နာက ကိုယ့်ပညာအမြင်နဲ့ တင်ပြတဲ့အနုပညာတွေဟာ ဒီဇိုင်းသဘောဘာမှ နားမလည်တဲ့ ငွေရှင်တွေရဲ့ ဝင်စွက်ဖက်တာတွေကို ခံနေရတာပါပဲ.. ဒါဟာ လူတွေရဲ့ အခြေခံစိတ်မှာကိုက အနုပညာကို ရှေ့တန်းမတင်တတ်တဲ့ သဘောတွေ ပါနေလို့ပါ.. ဒီဇိုင်နာရဲ့ အမြင်ကို လေးစားရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိလို့ပါ.. ငယ်စဉ်ကတည်းက အနုပညာကို ချစ်မြတ်နိုးစိတ် တန်ဖိုးထားစိတ်ကို မထည့်သွင်းပေးထားခဲ့လို့ပါ..

Perfect Modern Architecture Design Images
(ဆန်းဆန်းပြားပြား အနုပညာစိတ်ကူးနဲ့ အဆောက်အဦတွေ)

ခုခေတ်ကြီးက နည်းပညာခေတ်ကြီးပါ.. နည်းပညာ ဗဟုသုတ သတင်းအချက်အလက်တွေဟာ ကိုယ်နဲ့ click away လို့ ပြောကြတဲ့.. မောက်စ်ကလစ်လေး တချက်နှိပ်လိုက်ရုံနဲ့ ကိုယ်သိချင်တာတွေ ကိုယ်လိုချင်တဲ့အချက်အလက် ဗဟုသုတတွေကို ရနိုင်နေပါပြီ..  အရင်ခေတ်တွေတုန်းကလို အချက်အလက်တစ်ခုခုကို သိချင်လို့ ဗဟုသုတတစ်ခုခုကို ရဖို့ ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာကြိုးစားနေရတာမျိုးမဟုတ်တော့ပါဘူး..  ဒီတော့ အခြားအခြားသော နည်းပညာတိုးတက်ပြီးသားတိုင်းပြည်တွေမှာ ပြန်လည်ထူထောင်နေရတာက ဖန်တီးမှုစွမ်းအားနဲ့ အနုပညာဗီဇပါပဲ.. ကိုယ့်လက်ထဲမှာ အချက်အလက်ကို အလွယ်တကူရထားပါလျက်နဲ့ ဒါကို ဆင့်ပွားပြီး ဖန်တီးမှု မရှိရင် အလကားပဲဆိုတာ သူတို့တွေ သတိပြုမိကြပါပြီ.. ဖန်တီးမှုဆိုတာလည်း ခံစားမှုနဲ့ တီထွင်မှုက လာတာဖြစ်တဲ့အတွက် ခံစားတတ်အောင် တီထွင်ကြံဆတတ်အောင် ပြန်လည်လုပ်ဆောင်နေရပါပြီ..

ရသစာပေတွေ ရသပန်းချီတွေဟာ ခံစားမှုကိုပေးပါတယ်.. လူုဟာ ခံစားတာနဲ့အမျှ စိတ်ကူးလာကြပါတယ်.. စိတ်ကူးမယ် ကြံဆမယ်.. မဖြစ်နိုင်တာတွေလည်းပါကောင်းပါပေမယ့် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဇွဲနဲ့ အလွယ်တကူ ရနိုင်နေပြီဖြစ်တဲ့ နည်းပညာတွေ အချက်အလက်တွေပါ ပေါင်းလိုက်တဲ့အခါ သိပ်ကြီးကျယ်ခမ်းနားတဲ့ တီထွင်မှုတွေ ထွက်လာနိုင်ပါတယ်.. ကိုယ်တို့နိုင်ငံက နည်းပညာတောင် မပြည့်စုံသေးပါဘူး.. ဒါပေမယ့် တချို့သော တိုးတက်ခေတ်မှီတဲ့နိုင်ငံတွေလို နည်းပညာနောက်ပဲ လိုက်နေပြီး ခံစားမှု ချွတ်ခြုံကျသွားတဲ့အခါ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပါ ကျသွားတာမျိုးမဖြစ်ရအောင် ခုကတည်းက ယဉ်ကျေးမှုကို မြှင့်တင်ထားသင့်ပြီလို့ ထင်ပါတယ်.. ခုကတည်းက ကိုယ့်အနုပညာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေကို နားလည် တန်ဖိုးထားပြီး ချစ်ခင်တတ်အောင် မွေးမြူသင့်နေပါပြီ..

ခံစားပါ.. တွေးတောစိတ်ကူးပါ.. နောက်တော့ တီထွင်ကြတာပေါ့..

 

  6 Responses to “ခံစား နားလည် တီထွင်”

  1. I absolutely agree this article Nyi.
    Our community should encourage feeling, understanding, creative of paint.
    When i was so young my parent don’t allow me to buy the tools of painting, don’t want to make little cloths for toy.
    I have to learn all of my hobbies from my own …

  2. ရေးတာ ကောင်းတယ်

  3. ရေးထားတာလေး အရမ်းကောင်းပါတယ်။
    ဒီလိုစာလေးတွေရေးပေးတွေးပေးလို့ ကျေးဇူးပါ။

    “ကလေးတွေ ငယ်တုန်းက ပန်းချီဆွဲကြတယ်.. ကလေးတိုင်း နည်းပါးပဲ..”
    နီးပါး နဲ့ နည်းပါးနဲ့ လွဲနေသလားလို့

    • ဟုတ်တယ်.. ကျေးဇူးပါ.. ပြင်လိုက်ဦးမယ်.. =)

  4. Love this post Nyi.

  5. ရေးထားတာကောင်းတယ်ဗျ။ Animation ၀ါသနာပါတဲ့ ကျွန်တော်တို့လိုလူငယ်တွေအတွက် Animation video တစ်ခုဖန်တီး တဲ့ အခါလိုအပ်တဲ့ လိုအပ်ချက်တွေကို စနစ်တကျ ရှင်းပြပေးတဲ့စာတွေတင်စေချင်ပါတယ်ဗျာ။

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>