Apr 142012
 

မန္တလေးကို အကြိုနေ့မတိုင်ခင်မှာ ရောက်တယ်..ဓာတ်ပုံသမားအဖွဲ့လိုက်ကြီးနဲ့ လျှောက်လိုက်ရင်း ကမြောက်ကခြောက်ဓာတ်ပုံနည်းနည်း ရိုက်ဖြစ်သေးတာပေါ့.. သိပ်အကောင်းကြီးတွေ မဟုတ်သော်ငြား အမှတ်တရ ကြည့်ကြပါ..

မဏ္ဍပ်ရှေ့က လူတွေကို ရိုက်ဖြစ်တယ်.. အေးဆေးပဲဗျ.. သူတို့ဘာသာ ကဲတာ ကဲတာပဲ.. ကိုယ့်တော့ ရေတစ်က်မှ လာမစိုဘူး..

Continue reading »

Feb 292012
 

ကျမရဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းသွားခရီးစဉ်အကြောင်း ရေးထားတဲ့ ပို့စ်က သိပ်ရှည်ပြီး ပုံတွေ သိပ်များလွန်းလို့ အပိုင်း ခွဲတင်တာ ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ ရောက်တော့ ကျမ တော်တော်လေး ဒွိဟဖြစ်ရပါသေးတယ်.. ကျမရေးတဲ့ စာ .. ကျမ ပြောပြတဲ့ အကြောင်းအရာတွေကြောင့် သူတို့တွေကို ကူညီရာမရောက်ဘဲ ပိုပြီး ဝန်ပိုစေမလား.. ဒါမှမဟုတ် ကျမနဲ့ အတူခရီးသွားတဲ့လူတွေကို တစ်ခုခုထိခိုက်စေနိုင်မလား.. ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို နှောင့်နှေးစေမလားဆိုပြီး ကျမ အကြိမ်ကြိမ်စဉ်းစားပါတယ်.. ဒါပေမယ့် ကျမက ကိုယ်တိုင် သိကြားခံစားလာရတဲ့လူပါ.. ကျမသိလာသမျှကို မပြောပြဘဲ ချန်ထားရင် အပြစ်ရှိသလို ကျမ ခံစားရပါမယ်.. ဒါကြောင့် သိလာကြားလာသလိုပဲ ကျမ ပြန်ပြောပြလိုက်တော့တယ်.. လူသားခြင်းစာနာတတ်သူအားလုံး မျှဝေနားလည်တတ်ဖို့ပါ..

Continue reading »

Feb 282012
 

မူဆယ်ခရီး အပိုင်း ၁ ကို ဒီမှာ ဖတ်လို့ရပါတယ်

——————————————–

ကျမတို့ မိန်းကလေး ၄ ယောက်နဲ့ ကချင်ဆရာမလေး အားပန်နဲ့က တဲတစ်ခုနေရပါတယ်.. အားပန်က သိပ်ချစ်ဖို့ကောင်းတယ်.. ဗမာစကားကို တတ်သလောက် ပီသလောက်လေးနဲ့ ကျမတို့ကို ကြိုးစားပမ်းစား စကားပြောတယ်.. ဘာသာတွေလည်း ပြန်ပေးတယ်.. စခန်းမှာ နေတဲ့ ၃ ရက်စလုံးလည်း ကျမတို့ လိုတာမှန်သမျှ ကူညီပေးခဲ့ပါတယ်.. ကျမတို့နဲ့ ရန်ကုန်က အတူလာတဲ့ ကိုဒေးဗစ်ကတော့ စခန်းကကချင်ဆရာလေး ကိုဇော်အောင်နဲ့ နေရပါတယ်.. (ဗမာလို နာမည်လုပ်လိုက်တော့ ဇော်အောင်ဖြစ်သွားပေမယ့် သူတို့ ကချင်အသံထွက်နဲ့တော့ “ဇောင်း(င့်)”လို့ ကြားမိတာပဲ)..

 (ကျမတို့နဲ့ WPN မှ အမျိုးသမီးတချို့ .. ညာအစွန်ဆုံးက အားပန်)

ရောက်ရောက်ချင်း ကျမတို့ အနားတဝိုက်မှာ ရှိတဲ့ ကွဲနေတဲ့ တဲစုလေးတွေဆီကို ခြေဆန့်ကြပါတယ်.. ကျမတို့ ရောက်ပြီး နေနေတဲ့ စခန်းက ပင်မစခန်းကြီးလို သဘောပေါ့နော်.. ၂၀၁၁ ခုနှစ် ဇွန်လမှာ စစ်စဖြစ်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေက တောတွေထဲမှာ အကွဲကွဲအပြားပြား ခိုနေခဲ့ကြပါတယ်.. နောက်တော့ WPN ကနေ ဦးစီးပြီးတော့ နိုဝင်ဘာလောက်မှာ ဒီစခန်းကြီးကို တရုတ်ရွာသားတွေဆီက ခွင့်တောင်းပြီး ဆောက်ခဲ့တော့မှ ကွဲပြားနေတဲ့ လူတွေ အကုန်ပေါင်းမိပြီး တစုထဲ နေဖြစ်ကြတာလို့ ဆိုပါတယ်.. ဒါပေမယ့် ခုချိန်ထိ ဒီစခန်းကိုလာမပေါင်းဖြစ်သေးဘဲ ကြုံရာ ဆန်စက်ဟောင်းတွေ.. ကျောက်မီးသွေးကျိတ်စက်တွေမှာ ခိုကပ်နေကြသေးတဲ့ စစ်ပြေးအစုလေးတွေ ရှိသေးတော့ သူတို့ဆီလည်း ရောက်အောင် သွားကြရတာပေါ့.. အဓိကတော့ စခန်းတွေမှာ ဘာလိုအပ်သလဲဆိုတာလေးတွေ သိရအောင် မေးမြန်းဖို့ရယ်.. အဲ့ဒီက စခန်းတာဝန်ခံတွေက သွားစေချင်လို့လည်းပါတယ်..

Continue reading »

Feb 272012
 

ကျမရဲ့ ပထမဆုံးသော မူဆယ် ခရီး..

ဒီခရီးစဉ်အကြောင်းကို ပြန်ပြီးစာရေးဖို့ ကျမ တော်တော်လေး စဉ်းစားခဲ့ရတယ်.. ဒါပေမယ့် သေချာတာကတော့ ဒီခရီးဟာ လူတိုင်းသိသင့်သိထိုက်တဲ့ သိဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်နေလို့ မဖြစ်မနေတော့ ရေးရမယ်လို့ ကျမကိုယ် ကျမ ပြန်အားပေးခဲ့ပါတယ်..  တော်တော်များများလည်း သိပြီးသားဖြစ်ကြတဲ့အတိုင်း ကျမဟာ သာမန်မိန်းကလေးတစ်ယောက်ပါပဲ.. နိုင်ငံရေးမလုပ် နိုင်ငံရေးအကြောင်းတွေမသိသလို ဘယ်အသင်းအဖွဲ့ ဘယ်ဝါဒကိုမှ ကျမ မကိုင်စွဲပါ.. လွတ်လပ်မှု တရားမျှတမှုနဲ့ လူသားခြင်းစာနာထောက်ထား ကြင်နာတတ်တဲ့စိတ်ဓာတ်ကိုပဲ ကျမ ယုံကြည်တယ်.. ဒါကြောင့် ဒီခရီးစဉ် တစ်ခုလုံးကို ကျမ မြင်သလို ကျမ ခံစားရသလို အားလုံးကို ပြန်မျှဝေချင်ပါတယ်..

 

မူဆယ်ခရီးစဉ်လို့ပြောလိုက်ရပေမယ့် တကယ်တမ်းကျမတို့ရဲ့ ခရီးရည်ရွယ်ချက်က တရုတ်ပြည်နယ်စပ်တွေမှာ ရောက်နေတဲ့ ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခုဆီကို ဖြစ်ပါတယ်.. ခရီးကို ဒီဇင်ဘာလ လောက်ကတည်းက စပြီး အစီစဉ်ဆွဲဖြစ်ကြပါတယ်.. ကျမတို့နဲ့ အသိ ကိုဒေးဗစ်ဆိုတဲ့ အစ်ကိုက NGO မှာ အလုပ်လုပ်တာဆိုတော့ သူ့ အဆက်အသွယ်တွေနဲ့ စီစဉ်ဖြစ်ကြတာ.. ကိုဒေးဗစ်ရယ် မခင်မြတ်ရယ် မသီသီရယ် မထိုက်ရယ် ကျမရယ်သွားဖြစ်တယ်.. အစကတော့ ကိုရဲအောင်သူ ပါလာတော့မလိုလို.. ကိုထူးတေဇာပဲ လိုက်တော့မလိုလို.. ကိုညီလင်းဆက်ပဲ လိုက်ဖြစ်မလိုလိုတွေ လုပ်နေပြီး တကယ်တမ်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စထွက်ဖြစ်ကြတော့ နဂိုစီစဉ်ထားတဲ့အတိုင်း ကျမတို့ ၅ ယောက်ပဲ သွားဖြစ်ပါတော့တယ်..

 

(အတူသွားတဲ့ မိန်းကလေး ၄ ယောက်.. နန်းညီ၊ မထိုက်၊ မခင်မြတ်၊ မသီ)

စနေနေ့ မနက်ခင်းမှာ ရန်ကုန်ကနေ စထွက်တယ်.. Continue reading »

Aug 252011
 

၂၅.၈.၂၀၁၁ မနက် ၇ နာရီလောက်က NLD ရုံးချုပ်ရှေ့ တဖက်ကားလမ်းမှာရှိတဲ့ သစ်ပင်ကြီး အမြစ်ကနေကျွတ်ပြီး ကားလမ်းပေါ် ကန့်လန့်ဖြတ်လဲကျတယ်.. ၁၀၇ ဒတ်ဆန်းကား ဘောနပ်ပေါ်ကိုကျလို့ ကားခေါင်းကြီးပြားနေတယ်.. ဒရိုင်ဘာက ခေါင်းနည်းနည်းပေါက်တယ် လက်နည်းနည်းထိတယ်လို့ပြောတယ်.. ရှေ့ခန်းမှာ စီးတဲ့ ကောင်မလေးက မျက်နှာထိသွားတယ်လို့လည်းပြောတယ်.. ရွှေဧည့်သည် ကားကြီးကလည်း နည်းနည်းတော့ အဖျားခတ်သွားပြီး ခရီးသည်တွေ ဆင်းသွားကြပါတယ်.. ကားကြီးကို လမ်းဘေးမှာ ရပ်ထားပါတယ်..

ကားတွေအကုန်ပြန်ကွေ့ကြရတယ်.. လမ်းရှင်းနေပါတယ်

စည်ပင်ဝန်ထမ်းတွေ သစ်ပင်ကြီးကို စက်နဲ့ဖြတ်ကြတယ်

Continue reading »