Mar 052013
 

အစကတော့ ကျိုက်ထီးရိုးကို သောကြာည သွားမလို့.. ဒါပေမယ့် စနေနေ့ မနက်ပိုင်းမှာ အလုပ်ကိစ္စ တစ်ခုရှိတာနဲ့ပဲ စနေညမှ ထွက်ဖြစ်တယ်.. “ဝင်း”ဆိုတဲ့ကား ကားမှာ လက်မှတ်ဖြတ်မိတယ်.. မှားတယ်.. အကြီးကြီးမှားတယ်.. ကားက အစုတ်.. အဲကွန်းလည်းမအေးဘူး.. ခုံတွေကလည်း စုတ်.. ဆက်ဆံရေးလည်းကျဲတယ်.. သွားတာက လူ ၄ ယောက်.. ကိုရဲအောင်သူ.. ဂျွန်မေဂျာ နဲ့ ကိုစိုးဆက်လွင် ပါတယ်..

စနေည ၈ နာရီမှာ ရန်ကုန်ကနေ စထွက်ပြီး ည ၁၂ ခွဲမှာ ကျိုက်ထီးရိုးရောက်တယ်.. တောင်ပေါ်ကို မီးဒုတ်ကိုင်ပြီး လမ်းလျှောက်ပဲ တက်မလိုလို ဘာလိုလိုတွေ လုပ်ကြပြီး နောက်ဆုံးတော့ တောင်ခြေမှာပဲ ခနနားရင်း ကားအထွက်ကို စောင့်ကြပါတယ်.. အင်တာနက်သုံး ဂိမ်းဆော့ ရယ်စရာတွေလျှောက်ပြောရင်းနဲ့ မနက် ၄ နာရီခွဲမှာ ကားတွေပေါ် စတက်လို့ ရပြီမို့လို့ တက်ထိုင်ကြပါတယ်..

တောင်ပေါ်အတက်ကားတွေကတော့ ထုံးစံအတိုင်း ဘေးကို တံတောင်နဲ့တွတ်မိလိုက် ရှေ့ကိုဒူးနဲ့ထိုးမိလိုက် ဘေးကတံတောင်နဲ့တွတ်လိုက် နောက်က ဒူးနဲ့ထိုးလိုက်.. ဒူးနဲ့တံတောင်နဲ့ ဒူးနဲ့တံတောင်နဲ့ ပါပဲ.. Continue reading »

Feb 062013
 

Movie Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်များ

 

ရုပ်ရှင်ဆင်ဆာအဖွဲ့ကြီး မရှိတော့တာဟာ တချို့ရုပ်ရှင်ကားတွေမှာ ပေါက်ကရတွေ မှတ်ချက်ပေးပြီး မဟုတ်တာတွေ ဖယ်ခိုင်းတတ်တာမျိုးမရှိတော့လို့ ကောင်းပါတယ်.. ဒါပေမယ့် လူတွေဟာ ဆင်ဆာအဖွဲ့ကြီး မရှိလောက်အောင်ထိ ပညာမပြည့်ဝသေးဘူးလို့ ထင်တယ်..

 

မနေ့ညက နေပြည်တော်ရုံမှာတင်တဲ့ Hansel & Gretel , the witch hunter  သွားကြည့်ဖြစ်တယ်.. တကယ်ဆို ဒီကားဟာ အသက် ၁၃ နှစ်အောက်မကြည့်သင့်တဲ့ သွေးသံရဲရဲ၊ ရက်ရက်စက်စက်သတ်ဖြတ်တာတွေ ပါတဲ့ ကားမျိုးပဲ.. ဒီလိုကားမျိုးကို အများပြည်သူကြည့်တဲ့ ဒီ ရုပ်ရှင်ရုံမှာ ဘာကြေငြာချက်မှမရှိ ဘာသတိပေးစာမှ မရှိဘဲ ဒီလိုပြဖို့ သင့်ရဲ့လား.. တကယ်ဆို ရုပ်ရှင်ရုံပိုစတာကြီးထောင်တဲ့အခါ မြန်မာလိုရောအင်္ဂလိပ်လိုပါ ထင်ရှားအောင် ပြောပြထားသင့်တယ်.. မနေ့ကကြည့်တုန်းကဆိုရင် ကလေး ငယ်ငယ်လေးတွေ 3D မျက်မှန်လေးတွေတပ်ပြီးတော့ ရုံထဲမှာ အများကြီးတွေ့တယ်..

Continue reading »

Dec 172012
 

ဂျေဆင် မြ ကိုသိကြလား.. ကမ္ဘာကျော် အဆိုတော် တေးရေးဆရာ Jason Mraz ကိုပြောတာ.. လူကုန်ကူးမှု ပပျောက်ရေး ပညာပေးစီမံကိန်းတွေအရ.. MTV EXIT ကနေပြီးတော့ ဂီတဖျော်ဖြေပွှဲအကြီးကြီးတွေ နေရာတကာမှာလုပ်နေတော့ မြန်မာနိုင်ငံကိုလည်း ရောက်လာတာပေါ့.. MTV ကိုတော့သိကြတယ်မဟုတ်လား.. EXIT ဆိုတာက.. (End Exploitation and Trafficking) ရဲ့ အတိုကောက်စာလုံးတွေပါ.. အသေးစိတ်သိချင်ရင် mtvexit.org မှာသွားကြည့်ကြ..

 

ဒီဇင်ဘာ ၁၆ ၊၂၀၁၂ မှာ မြ က မြန်မာပြည်လာပြီး MTV Exit နဲ့အတူ လာဖျော်ဖြေမယ်ဆိုတော့ သွားကြည့်ချင်တာပေါ့.. လက်မှတ်တွေကလည်း ဖရီးဝေတာတဲ့တော့.. ဆိုတော့.. ဝဘ်ဆိုက်သွား register လုပ်.. သူတို့ ထုတ်ပေးတဲ့နေ့ သွားယူရတာပေါ့.. တကယ်တော့ ကိုယ်တိုင်သွားယူတာတော့ မဟုတ်ဘူး.. မထိုက် ယူလာပေးတာ.. ၂ စောင်ရတယ်.. အန်ကယ်ရဲအောင်သူက ဘယ်က ရလာတယ်မသိဘူး ၁ စောင်ပေးတော့ .. ပေါင်း ၃ စောင်..

Continue reading »

Dec 112012
 

“Please don’t ask about my leaves.” လို့ တင်မိုသီက ပြောလိုက်တယ်.. ဂျင်မ်နဲ့ စင်ဒီကလည်း မမေးပါဘူးလို့ သဘောတူကြောင်း အမူအရာ ပြရတော့တာပေါ့..

“ဒါပေမယ့် ကြည့်ချင်ရင်တော့ ကြည့်ကြပါ” လို့လည်း ခွင့်ပေးရော ၂ ယောက်သား ခေါင်းချင်းဆိုင်ပြီး အသေအချာကြည့်လိုက်ကြတာ..

 

တင်မိုသီ ကတော့ ခပ်ပြုံးပြုံးပဲ..

 

နန်းညီ မနေ့ညက ကြည့်ဖြစ်တဲ့ The Odd Life of Timothy Green ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုပါ..

 

 

ဂျင်မ်နဲ့ စင်ဒီက သိပ်ချစ်ကြပြီး အိမ်ထောင်ရေးသာယာအဆင်ပြေတဲ့ စုံတွဲ.. ဒါပေမယ့် သူတို့မှာ ဝမ်းနည်းစရာဖြစ်နေတာက ကလေးမရနိုင်တာပဲ.. ၂ ယောက်စလုံးကလည်း ကလေးကို အရူးအမူးချစ်ပြီး လိုချင်နေကြတော့ ဆရာဝန်ဆီက အပြန်လမ်းမှာ ၂ ယောက်စလုံး ဝမ်းနည်းပက်လက်ပေါ့.. ညကျတော့ ၂ ယောက်သား သူတို့မှာသာ ကလေးရှိရင် ဘာတွေဖြစ်ရမလဲ ဘယ်လိုပုံစံလဲ ဆိုတာတွေ စိတ်ကူးယဉ်လိုက်ကြတာ.. ကလေးလေးဟာ စိတ်ထားကောင်းရမယ် နှလုံးသားရှိရမယ် လို့ တခွန်းပြောလိုက် စာရွက်ကလေးပေါ်မှာ အသည်းပုံလေး ဆွဲလိုက်.. ကလေးဟာ အားကစားလည်း တော်ရမယ်လို့ပြောလိုက် စာရွက်ပေါ်မှာ ဘေ့စ်ဘောလ်ပုံလေးဆွဲလိုက်.. ကလေးဟာ ဟာသဥာဏ်ရည်လည်းရှိရမယ်လို့ ပြောလိုက် စာရွက်ပေါ်မှာ ပုံဆွဲလိုက်နဲ့ စိတ်ကူးတွေယဉ်ပြီး နောက်တော့ အဲ့ဒီစာရွက်တွေအကုန်လုံးစု သေတ္တာလေးထဲထည့်.. သူတို့ ခြံနောက်ဘက်က စိုက်ခင်းမြေအလွတ်မှာ မြှုပ်ထားလိုက်တော့တယ်..

 

ထူးထူးဆန်းဆန်းပဲ Continue reading »

Aug 042012
 

မိုးစက်တွေ လဲ့လဲ့မှုန်မှုန် ဒါပေမယ့် အဆက်မပြတ်လည်းကျနေတဲ့ ဟောသည်လို ညမျိုးမှာ တစ်ယောက်တည်းပဲ အခန်းကျဉ်းကျဉ်းလေးရဲ့ ဝရံတာမှာထိုင်.. မိုးစက်တွေ စင်နေတာကို ခံယူရင်း ခပ်အေးအေး ခပ်တိုးတိုး ငြိမ့်ညောင်းတဲ့ သီချင်းသံနဲ့ ထိုင်နေရတာဟာ အထီးကျန်တယ်လို့ ခေါ်နိုင်မလား.. ဒါမှမဟုတ် အေးငြိမ်ချမ်းမြေ့တယ်ခေါ်မလား.. ဒါကတော့ ခံယူသူရဲ့ စိတ်နှလုံးနဲ့သာ သက်ဆိုင်လိမ့်မည် ထင်သည်..

ကိုယ်ကတော့ ဦးလှထွဋ်ရဲ့ မိုးညအိပ်မက်မြူမှာ သက်ဝင်မျောပါရင်း အတွေးတွေဝေလျက် ရှိနေခဲ့၏.. အသံအေးအေးငြိမ်ငြိမ် စာသားများက လွမ်းစရာကောင်းလှသည်မို့ ထပ်ခါထပ်ခါ နားထောင်ရင်း မညီးငွေ့နိုင်..

Continue reading »

Jun 242012
 

မန္တလေးမှာတုန်းက ရေဒီယိုက ကြေငြာတာလားမသိဘူးကြားလိုက်မိတယ်.. မြန်မာ့သဘင်လောကဥသျှောင် ဂရိတ်ဦးဖိုးစိန် ကွယ်လွန်ပြီး အနှစ် ၁၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လက်ရှိ ဇာတ်သဘင်လောကရဲ့ နာမည်ကြီးမင်းသားတွေက ဦးဆောင်ပြီး သဘင်ပွဲကြီးလုပ်မယ်တဲ့.. အဲ့ဒါကြားကတည်းက လုပ်မယ်ဆိုတဲ့နေ့ကို ဖုန်းမှာ note မှတ်ပြီး alarm ပေးထားလိုက်တာ..

 

၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့.. တစ်ပတ်လောက်အလိုမှာ ရန်ကုန်မြို့နေရာတော်တော်များများမှာ ကြော်ငြာဆိုင်းဘုတ်တွေမြင်ရပြီ.. မင်းသားတွေက ချမ်းသာ.. မိုးမင်း.. မိုးဝင်း.. ဦးဖိုးစိန် မြေး ညီဝင်းစိန်.. ညီဝင်းစိန် သား ဘယ်သူဆိုလား.. နောက် ဦးဖိုးစိန်မြစ်.. နောက်ပီး ကျော်ကျော်ဗို.. တင်မောင်ဆန်းမင်းဝင်း.. စွမ်းဇာနည်.. ဟန်ဇာမိုးဝင်း.. မင်းသမီးတွေလည်းများကြီးပဲ.. မို့မို့မြင့်အောင်တို့ လင်းဇာနည်ဇော် ခိုင်သင်းကြည် မေကဗျာ.. ဒါပေမယ့် လက်မှတ်တွေက တော်တော်ဈေးကြီးတယ်.. ၂ သောင်း၊ ၁ သောင်းခွဲ၊ ၁ သောင်း.. အေးပေါ့လေ ဒီလိုပွဲကြီး ဒီလောက်ဈေးတော့ရှိမှာပေါ့.. ခက်တာက ကိုယ်က မတတ်နိုင်တာလေ.. ဒါပေမယ့် ဒီလို မြန်မာအကတွေကို သဘင်ပညာကို ကိုယ်က သိပ်ချစ်သိပ်စိတ်ဝင်စားတယ်.. မရ ရအောင် ကြည့်မယ်ဆိုပြီး ကြံဖန်ရတော့တာ..၂၂ ရက်နေ့မှာ Press Show ရှိတယ်ဆိုလို့ အပြေးအလွှားသွားဖြစ်တယ်.. ထုံးစံအတိုင်း ကိုရဲအောင်သူနဲ့ပါပဲ.. အထဲမှာ သူက ဓာတ်ပုံတွေရိုက်.. ကိုယ်က တစ်နေရာထိုင်ပြီး အေးအေးဆေးဆေးပွဲကြည့်တာပေါ့လေ.. ပွဲအစ ဖိုးသင်္ကြန် တီးဝိုင်းရဲ့ဧည့်ခံတီးလုံးကနေ စပြီး နောက်ဆုံး နှစ်ပါးခွင်အထိ ကိုယ်တော့ တမေ့တမောပဲ.. သူ့စင် သူ့ပရိတ်သတ်နဲ့ အောင်မြင်နေတဲ့ နာမည်ရမင်းသားများဟာ ဒီပွဲကြီးမှာ ကျရာနေရာကနေ မခိုမကပ် ပျော်ပျော်ရွှင်ရွှင် ကပြသွားကြတာ အားရစရာကြီးပါ..

 

(နတ်ချော့နေတဲ့ ပွဲဦးအပျိုတော်.. သူတို့ဟာ တကယ်လည်း မကခင်ညကတည်းက ဘုရားကန်တော့ နတ်ကန်တော့ ကိုယ်စိတ်နှလုံး စောင့်ထိန်းရတယ် လို့ ကြားဖူးပါတယ်)
Apr 252012
 

The Big Year  ကို ၃ ရက်ဆက်တိုက် ၃ ခါပြန်ကြည့်ဖြစ်သွားတယ်.. နာမည်ကြီး ဟာသမင်းသား ၃ ယောက်ရဲ့ သိပ်ပြီး ဟာသမဖြစ်တဲ့ ဇာတ်ကားကောင်းလေးပါ.. True Story လို့ပြောတယ်..

အမေရိကန်မှာ big year ဆိုတဲ့ ပြိုင်ပွဲတစ်ခုရှိတယ်.. တစ်နှစ်ပတ်လုံးမှာ ငှက်အမျိုးအစားပေါင်း ဘယ်နှမျိုးမြင်တွေ့ မှတ်တမ်းတင်နိုင်သလဲဆိုတဲ့ စံချိန်ကို ပြိုင်ကြတာပါပဲ.. ဆုကြေးလည်း မရဘူး.. ငှက် မဂ္ဂဇင်းမှာ ဆုစာရင်းကြေငြာရုံလောက်ပါပဲ.. Birding ကို စိတ်ဝင်စားတဲ့လူတွေပဲ ရူးရူးသွပ်သွပ် ခုံခုံမင်မင် ရှိတဲ့ကိစ္စဆိုပါစို့.. မြန်မာနိုင်ငံ ငှက်ကြည့်အသင်းက အကိုတော်တွေကိုတောင် ပြေးသတိရမိသေးတယ်.. ဖြစ်ပုံကဒီလို..

Continue reading »