Oct 052012
 

ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုတာကြီး မြန်မာပြည်မှာ ရှိနေတယ် ဘယ်တိုင်းပြည်မှာမှမရှိဘူး.. ဒါမရှိသင့်ဘူးဆိုတာမျိုး ပြောတဲ့ အပြောတစ်ခု တွေ့မိလို့ ဘဝင်မကျမိလို့ ဒါကိုရေးပါတယ်..

ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုတာကတော့ မြန်မာပြည်မှာ ရှိသင့်ပါတယ်.. မြန်မာဟာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေအများကြီး သမိုင်းစဉ်လာအကြီးကြီးနဲ့ တိုင်းပြည်ပါ.. တချို့သော ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ထိန်းသိမ်းသင့်ပါတယ်.. ဥပမာ ပုဂံနံရံပန်းချီတွေ ဆိုပါစို့.. တချို့လူတွေကလွဲလို့ လာသမျှလူတိုင်းဟာ အမွေအနှစ်တွေ တန်ဖိုးကိုမသိကြဘူး.. ပုဂံပန်းချီတွေ လက်နဲ့မကိုင်ရ ဓာတ်ပုံမရိုက်ရ ဆိုတာဟာ .. လက်နဲ့ပွတ်ရင် ကင်မရာဖလက်ရှ်မီးလင်းရင် နံရံဆေးတွေ မှိန်ပြီးပျက်မြန်လို့ပါ..

ပုဂံမှာ အဆောက်အဦအမြင့်တွေ ဆောက်ဖို့ ဖောင်ဒေးရှင်းတူးတဲ့အခါ မြေတုန်ခါမှုက ဘုရားတွေကို အက်ကွဲစေတယ် ပြိုကျစေတယ်.. လေယာဉ်တွေ ပုဂံနဲ့ နီးတဲ့နေရာမှာ မဆင်းရတာလည်း အဲ့ဒါကြောင့်ပါပဲ.. ဒါတွေကို လက်ခံကြဖို့၊ သိအောင် ပညာပေးဖို့နဲ့ မလုပ်အောင် ထိန်းသိမ်းဖို့ ဒီယဉ်ကျေးမှုဌာနမှာ တာဝန်ရှိတယ်..

ခေတ်မှီတိုက်တာတွေ ချည်းပဲ ပြင်ဆောက်နေရင် တိုးတက်တာမှန်ပေမယ့်
ရှေးဟောင်းအဆောက်အဦ တချို့ဟာ ထိန်းသိမ်းထားသင့်ပါတယ်.. ဒါဟာ တနည်းအားဖြင့် tourism လုပ်ငန်းကိုလည်း အထောက်အကူပြုပါတယ်.. မလေးရှား ပီနန်လို၊ ပြင်သစ်ကတချို့မြို့တွေလို အရင်ခေတ်က အဆောက်အဦတွေကို ထိန်းသိမ်းထား တန်ဖိုးထားတတ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပညာပေးဖို့လိုပါတယ်..

ခေတ်နဲ့အညီရင်ဘောင်တန်းတဲ့ ဝတ်စားဆင်ယင်မှုကို မကန့်ကွက်ဘဲ ရိုးရာဝတ်စားဆင်ယဉ်မှုကိုလည်း မပျောက်ပျက်အောင် သိကြအောင် လုပ်ဖို့ ဒီဌာနက လိုအပ်ပါတယ်.. မြန်မာလူမျိုးဝတ်စုံဟာ ဒါပါ.. ကရင်ကတော့ ဒါပါ.. ရှမ်းကတော့ ဒီလိုပါ စသဖြင့် နောက်တချိန်မှာ သိသာအောင် သိနေအောင် သူတို့က ထိန်းသိမ်းရပါမယ်.. ရိုးရာကိုပဲ ဝတ်ဖို့မဆိုလိုပါ.. ဒါပေမယ့် ရိုးရာအစစ်ကိုဝတ်ဖို့လိုလာတဲ့အခါ သိအောင် ဝတ်တတ်အောင် ဝတ်နိုင်အောင်.. တကယ်လည်း ဝတ်ကြအောင် တိုက်တွန်းဖို့တော့လိုပါမယ်.. ကိုရီးယားတွေ သူတို့ ရိုးရာ hanbok ကို တမြတ်တနိုးဝတ်ဆင်ကြပါတယ်.. ပွဲတွေရှိရင် hanbok ဝတ်တဲ့လူက အနောက်တိုင်းဝတ်စုံဝတ်သူထက်  ပိုဂုဏ်၇ှိပါတယ်.. ဝတ်စုံက ဈေးလည်းကြီးပါတယ်.. သူတို့က မြတ်လည်းမြတ်နိုးကြပါတယ်..

မြန်မာပြည်မှာ တကယ်တော့ နိုင်ငံတကာကို ပြစရာ ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေ သဘာဝပတ်ဝန်းကျင် အမွေအနှစ်တွေ အများကြီးပဲ.. မဖော်ထုတ်တတ်ကြတာ မထိန်းသိမ်းကြတာ တန်ဖိုးမထားတတ်တာတွေက ဆိုးပါတယ်.. အဲလိုအသိမရှိကြတာ ဆိုးပါတယ်.. အသိရှိကြဖို့က အဲ့ဒိ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုတဲ့ ဌာနက လုပ်ဆောင်ရမှာ..

ဒါပေမယ့်.. ယဉ်ကျေးမှု ဌာနမှာ တကယ့် ပညာရှင်တွေကိုမထားဘဲ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ လူကြီးတွေပဲ အုပ်ချုပ်နေတော့ ဘာတန်ဖိုးမှ မရှိဖြစ်နေတာပါ.. ပညာရှင်တွေကို နေရာပေးဖို့လိုနေပါပြီ.. တန်ဖိုးထားတတ်ဖို့လိုနေပါပြီ.. ပြောင်းလဲသင့်တဲ့ ဌာနထဲမှာ အဲ့ဒိဌာနက ထိပ်ဆုံးကပါပဲ.. သူတို့ ရှေ့တန်းရောက်ဖို့ လိုနေပါပြီ..

Sep 272012
 

ခုတလောမှာ ..

သူတပါး ရည်းစားသနာတွေ ယောက်ျားတွေကို လိုက်ပြီး ဖြတ်ခုတ် နှောက်ယှက်တတ်သော မိန်းမငယ်လေးများ ရဲ့ ဇာတ်လမ်းတွေ မကြာခဏ ကြားနေရတော့.. တော်တော်လေး စိတ်မချမ်းမသာဖြစ်မိတယ်.. အဲ့ဒိ မိန်းမငယ်လေးများကလည်း ချောမောသော လှပသော ငယ်ရွယ်သော လေးတွေချည်းပဲ.. ကိုရီးယားဒရမ်မာကားတွေထဲက လှပသော ဗီလိန်မင်းသမီးလေးတွေလိုပေါ့နော်.. မရမက ဇွတ်အတင်း..

ကိုရိးယားကားတွေ မကြည့်နဲ့ မပြောလိုပါ.. ကြည့်ပေါ့.. ဒါပေမယ့် ဘာလို့ မကောင်းတာတွေချည်းပဲ နမူနာယူကြတယ်မသိ.. အပြင်မှာ တကယ်ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. သူတို့ဇာတ်ကားတွေထဲမှာ ပါတဲ့ တဖက်သတ်ကြိုက်တာတွေ ဇွတ်အတင်းလုယူတာတွေ အညှိုးတေးကြီးတာတွေ အလှအပပြင်ဆင်တာတွေကိုတောင် လိုက်တုယူသေးရင်.. လူကြီးမိဘ သိတတ်တာတွေ ရွယ်တူခြင်းလေးစားတာတွေ အလုပ်ကြိုးစားတာတွေ စည်းစနစ်ကျတာတွေ ကိုကျုတော့ ဘာလို့ မျက်စိထဲ မြင်အောင် မကြည့်ကြသလဲလို့ အံ့သြမိတယ်.. သူများရုပ်ရှင်တွေကိုပြောနေလို့ ကိုယ့်မြန်မာရုပ်ရှင်ကားတွေက ဘယ်လောက်ကောင်းလဲ မေးစရာရှိလာရင်.. ဟုတ်တယ်..မကောင်းပါဘူး.. စကားထဲ ထည့်ကို မပြောလိုတာပါ.. =D
Continue reading »

Jun 242012
 

မန္တလေးမှာတုန်းက ရေဒီယိုက ကြေငြာတာလားမသိဘူးကြားလိုက်မိတယ်.. မြန်မာ့သဘင်လောကဥသျှောင် ဂရိတ်ဦးဖိုးစိန် ကွယ်လွန်ပြီး အနှစ် ၁၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လက်ရှိ ဇာတ်သဘင်လောကရဲ့ နာမည်ကြီးမင်းသားတွေက ဦးဆောင်ပြီး သဘင်ပွဲကြီးလုပ်မယ်တဲ့.. အဲ့ဒါကြားကတည်းက လုပ်မယ်ဆိုတဲ့နေ့ကို ဖုန်းမှာ note မှတ်ပြီး alarm ပေးထားလိုက်တာ..

 

၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့.. တစ်ပတ်လောက်အလိုမှာ ရန်ကုန်မြို့နေရာတော်တော်များများမှာ ကြော်ငြာဆိုင်းဘုတ်တွေမြင်ရပြီ.. မင်းသားတွေက ချမ်းသာ.. မိုးမင်း.. မိုးဝင်း.. ဦးဖိုးစိန် မြေး ညီဝင်းစိန်.. ညီဝင်းစိန် သား ဘယ်သူဆိုလား.. နောက် ဦးဖိုးစိန်မြစ်.. နောက်ပီး ကျော်ကျော်ဗို.. တင်မောင်ဆန်းမင်းဝင်း.. စွမ်းဇာနည်.. ဟန်ဇာမိုးဝင်း.. မင်းသမီးတွေလည်းများကြီးပဲ.. မို့မို့မြင့်အောင်တို့ လင်းဇာနည်ဇော် ခိုင်သင်းကြည် မေကဗျာ.. ဒါပေမယ့် လက်မှတ်တွေက တော်တော်ဈေးကြီးတယ်.. ၂ သောင်း၊ ၁ သောင်းခွဲ၊ ၁ သောင်း.. အေးပေါ့လေ ဒီလိုပွဲကြီး ဒီလောက်ဈေးတော့ရှိမှာပေါ့.. ခက်တာက ကိုယ်က မတတ်နိုင်တာလေ.. ဒါပေမယ့် ဒီလို မြန်မာအကတွေကို သဘင်ပညာကို ကိုယ်က သိပ်ချစ်သိပ်စိတ်ဝင်စားတယ်.. မရ ရအောင် ကြည့်မယ်ဆိုပြီး ကြံဖန်ရတော့တာ..၂၂ ရက်နေ့မှာ Press Show ရှိတယ်ဆိုလို့ အပြေးအလွှားသွားဖြစ်တယ်.. ထုံးစံအတိုင်း ကိုရဲအောင်သူနဲ့ပါပဲ.. အထဲမှာ သူက ဓာတ်ပုံတွေရိုက်.. ကိုယ်က တစ်နေရာထိုင်ပြီး အေးအေးဆေးဆေးပွဲကြည့်တာပေါ့လေ.. ပွဲအစ ဖိုးသင်္ကြန် တီးဝိုင်းရဲ့ဧည့်ခံတီးလုံးကနေ စပြီး နောက်ဆုံး နှစ်ပါးခွင်အထိ ကိုယ်တော့ တမေ့တမောပဲ.. သူ့စင် သူ့ပရိတ်သတ်နဲ့ အောင်မြင်နေတဲ့ နာမည်ရမင်းသားများဟာ ဒီပွဲကြီးမှာ ကျရာနေရာကနေ မခိုမကပ် ပျော်ပျော်ရွှင်ရွှင် ကပြသွားကြတာ အားရစရာကြီးပါ..

 

(နတ်ချော့နေတဲ့ ပွဲဦးအပျိုတော်.. သူတို့ဟာ တကယ်လည်း မကခင်ညကတည်းက ဘုရားကန်တော့ နတ်ကန်တော့ ကိုယ်စိတ်နှလုံး စောင့်ထိန်းရတယ် လို့ ကြားဖူးပါတယ်)
Oct 022011
 

ပထမဆုံးပွဲတဲ့.. မြန်မာနိုင်ငံ ဖက်ရှင်ဒီဇိုင်နာတွေအသင်း Myanmar Fashion Designer Group.. အဲ့က ဒီဇိုင်နာတွေစုပြီး ဖက်ရှင်ပြပွဲလုပ်တာ.. MFDG ဆိုတာကို လိုဂိုလုပ်ရေးထားတဲ့ စာလုံးဒီဇိုင်းကို MiDG လို့ချည်း ဖတ်ဖတ်မိနေတာ..း(

မင်းဓမ္မနားက MCC ခန်းမမှာဆိုတော့ ဝေးလို့ မသွားဘူးဆိုပြီး နေနေရင်းက နောက်တော့ ကိုရဲအောင်သူကိုဘိုဘိုကိုငြိမ်းချမ်းနိုင်တို့ ဓာတ်ပုံဆရာ ၃ ယောက်စလုံးက သွားဖြစ်တော့ ကပ်လိုက်ဖြစ်သွားပါတယ်.. (ဒါမျိုးပွဲ မကြည့်ဖူးသေးလို့ သွားရင်လိုက်မယ်လို့တော့ နဂိုကတည်းက ဂျီကျထားတာ)..

ပွဲက ၄ နာရီစတယ်ပြောတယ်.. ကိုယ်တို့ ဟိုကိုရောက်တော့ Continue reading »

Sep 072011
 

 

 

2007 တုန်းက ကိုယ်တိုင် ဆွဲထားတဲ့ အန်နီမေးရှင်း အတိုလေးပါ.. ခုမှ ယူကျုတင်ဖြစ်တယ်..

အနုပညာကျောင်းတက်တော့ ပန်းချီမေဂျာဆိုတော့ နောက်ဆုံးဖိုင်နယ် စာမေးပွဲမဖြေခင် လက်ရာပြပွဲလုပ်ပေးတယ်လေ.. ဒီလိုမျိုး.. အဲ့ဒါ အဲ့တုန်းက ကိုယ်က ပန်းချီကားမဆွဲပဲ ဒီလို အန်နီုမေးရှင်းအတိုလေးလုပ်ဖြစ်တယ်.. “ဇာတ်လမ်းတွေဘာတွေ မလိုဘူး.. ကိုယ်လုပ်နိုင်တာလေးပြရုံပဲ.. ရိုးရိုးလေးတွေးပြီးလုပ်လေ” လို့ ကိုယ့်မေမေက အကြံပေးပါတယ် .. ဒါနဲ့ပဲ ဒါလေးကိုလုပ်ဖြစ်တယ်..

တယောက်ထဲအကုန် အစဆုံး ဆွဲရတာ..
၎ လနီးပါးကြာတယ်.. ဖောမက်တွေလျှောက်လုပ်ရင်း အသံနည်းနည်းတိုးတယ် အရုပ်လည်းမှုန်သွားတယ်..
ဒါမယ့် နောက်ခံဂီတကို သေချာနားထောင်ခံစားကြည့်ကြနော်.. ဂစ်တာ တခုထဲပဲ.. ကလပ်စစ်ကယ်နဲ့ ဆိုလိုတီးသွားတာ.. အဲ့ကာတွန်းအတွက် အသံတွေမထည့်ချင်ဘူး နောက်ခံ ဂီတလေးပဲ ထည့်မယ်ဆိုပီး ဆရာတွေ အကိုတွေကို အပူကပ်တော့.. ကိုမြင့်သန်းထွန်းဆိုတဲ့ ဆရာက Baby Jesus ဆိုပြီး သီချင်းအသစ်လေး စပ်ပေးတယ်.. ကိုဖိုးခွားကတီးပေးတယ်.. ဆရာမောင်မောင်ဇော်ထက် (ဓီရာမိုရ်)က လိုအပ်တာတွေ အကြံပေးကူညီတယ်.. အဲ့ဒီ ကျောင်းဆင်းလက်ရာက ဂုဏ်ထူးရခဲ့ပါတယ်.. အဲ့တုန်းက ကူညီသူများကို ကျေးဇူးအထူးပါ..

ခု ပို့စ်လာဖတ်တဲ့လူ ယူကျုကြည့်တဲ့လူတွေကိုလည်း ကျေးဇူးအထူးပါ..

 

Aug 052011
 

ဒီပို့စ်ကို အရင် nangnyi [dot] net မှာ တင်ဖူးပါတယ်.. ခု အဲ့ဒါက hosting ပျက်ပြီး ပို့စ်တွေပျောက်ကုန်လို့ စက်ထဲသိမ်းထားတာလေးကို ပြန်တင်လိုက်တာပါ..

ခုဆိုရင် စာလုံးပေါင်းမှားတာတွေက နေရာတကာမှာ ဖြစ်နေပြီ.. ကြည့်ရအဆိုးဆုံးကတော့ အများပြည်သူမြင်သာတဲ့နေရာမှာ ထားတဲ့ ဆိုင်းဘုတ်တွေမှာ စာလုံးပေါင်းမှားတာ.. ပြီးတော့ မြဝတီနဲ့ မြန်မာ့အသံ စတဲ့ရုပ်သံလိုင်းတွေမှာ စာလုံးပေါင်းမှားတာ.. တခါတလေ အစိုးရထုတ်သတင်းစာတွေမှာတောင် စာလုံးပေါင်းအမှားတွေမြင်နေရပြီ.. ခုနောက်ပိုင်း အများဆုံးမှားတာကတော့ “မှု” ကို “မှု့”လို့ ရေးတာ.. ဟထိုးနဲ့ တချောင်းငင် ပါပြီးသား စာလုံးမှာ အောက်ကမြင့် ထပ်ထည့်စရာမှ မလိုဘဲ.. ဒါပေမယ့် ခုနေရာတကာမှာ မှု အမှားတွေမြင်နေရပြီ.. အမြင်ကပ်ပြီး စိတ်မချမ်းသာလိုက်တာ..

စာလုံးပေါင်းမှားတာဟာ စာဖတ်နည်းလို့လို့ ထင်တယ်.. စာလုံးပေါင်းအမှန်ကို များများဖတ်ပြီးသားလူဟာ တော်ရုံတန်ရုံနဲ့တော့ စာလုံးပေါင်းမမှားဘူး.. ဒါပေမယ့် ခုနောက်ပိုင်း လူငယ်တွေကျပြန်တော့ စာလုံးပေါင်းအမှားတွေကိုပဲ များများဖတ်နေကြရလို့လားတော့မသိဘူး.. စာလုံးပေါင်းသတ်ပုံကို ဂရုလည်းမစိုက်ကြတော့ဘူး.. အမှားလည်းသိပ်များလာတာပဲ.. ပြီးတော့ သတ်ပုံမှားတာ ဘာဖြစ်လဲ.. ဆိုလိုရင်း သိရင်ပြီးတာပဲ ရယ်လို့ ဂရုတစိုက်မပြင်ကြတာတွေက ပိုဆိုးပါတယ်.. ဆိုလိုရင်းကို ခုသိနေပေမယ့် အမှားတွေဖတ်ပါများပြီး အမှန်ထင်လာတဲ့အခါမှာ ဆိုလိုရင်းပါ ပျောက်သွားနိုင်ပါတယ်.. သတ်ပုံဆိုတာ စည်းစနစ်တစ်ခုပါ.. တစ်ယောက်တစ်မျိုး ထင်ရာပေါင်းနေရင် အငြင်းပွားစရာတွေ အများကြီးဖြစ်လာမှာစိုးလို့ သတ်မှတ်ပေးထားတဲ့ စနစ်ပါ.. လိုက်နာစောင့်ထိန်းသင့်ပါတယ်..

Continue reading »

Aug 012011
 

ခုတလော ဟိုတွေးဒီတွေး တွေးနေမိတာ.. မိန်းမတွေရော ယောက်ျားတွေရောကို စိတ်ဓာတ်ပြည့်ဝစေချင်တဲ့အကြောင်းပါ.. ယောက်ျားမို့ စိတ်ဓာတ်ပြည့်ဝရမယ် သဘောထားကြီးရမယ်.. မိန်းမဆိုတာ စိတ်ဓာတ်သေးသိမ်တယ်လို့ သတ်မှတ်ခံရတာကိုလည်း မနှစ်သက်နိုင်ပါဘူး.. စိတ်ထားပြည့်ဝတဲ့ မိန်းမတွေ များသလို မိုက်ရိုင်းယုတ်ညံ့တဲ့ ယောက်ျားတွေလည်းရှိတာပါပဲလေ.. ကိုယ်ကတော့ မိန်းမ ယောက်ျားရယ် မခွဲခြားတတ်.. လူလို့ပဲ တွေးပါတယ်.. တကယ်ပါ.. ဒီလို ရောက်တတ်ရာရာတွေ တွေးဖြစ်တာက ညတစ်ည ကြုံရတဲ့အကြောင်းတစ်ခုကနေ စပါတယ်..

ဟိုနေ့က အိဖူးနဲ့ နန်းညီ နှစ်ယောက်သား ရွှေဂုံတိုင် လင့်လမ်း မှတ်တိုင်ကနေ coffee circle ကို လမ်းလျှောက်သွားကြတယ်.. ရန်ကုန်က လူတွေကတော့ သိကြမှာပေါ့.. coffee circle ဆိုတဲ့ ဆိုင်က မှတ်တိုင် တဝေးတလံကြီး နှစ်ခုကြားထဲမှာဆိုတော့ တက္ကသီလာမှ ငှားမစီးရင် ရှေ့တည့်တည့်ရောက်ဖို့က ခဲယဉ်းတယ်လေ.. အဲ့ဒိနေ့ညကတော့ ည ၇ နာရီခွဲလောက်.. နေလည်းမပူ မိုးလည်းမရွာ အေးအေးလူလူဆိုပြီး နှစ်ယောက်သား လျှောက်ကြတာ..

မှတ်တိုင်ဘက်ခြမ်း ကားလမ်းကနေ ဟိုဘက်ကားလမ်းကို ကူးလိုက်တဲ့အခါ အဲဒိဘက် ပလက်ဖောင်း ခပ်မှောင်မှောင်အရိပ်ထဲမှာ လူ ၃ ယောက် ၄ ယောက်လောက် ရှိနေတာ အနားကပ်မှ သတိထားမိတယ်.. အော် – ဘာဖြစ်လဲပေါ့.. သူတို့ရှိလည်း ကိုယ်လျှောက်စရာ ရှိတဲ့လမ်း လျှောက်မယ်ဆိုပြီး..

Continue reading »