Apr 282012
 

ဂရိဒဏ္ဍာရီတစ်ပုဒ်ကို သော်ဖတ်ဖူးသည်..

လူသားတွေဟာ အသိဥာဏ်မြင့်မားတာနဲ့အမျှ ကောက်ကျစ်မှုတွေလည်း ရှိနေတော့ လူသားတွေသာ မီးကို ရသွားခဲ့ရင် တန်ခိုးအာဏာကြီးပြီး ပုန်ကန်မှာစိုးလို့တဲ့.. နတ်မင်းတို့ရဲ့ ခေါင်းဆောင် ဇုက လူသားတွေ မီးကိုမရဖို့ ပိတ်ပင်တားမြစ်ထားခဲ့၏.. ဒါကို ပရိုမီးသီးယပ်စ်ဆိုတဲ့ နတ်တပါးက လူသားတွေကို မေတ္တာထားပြီး မီးကိုလူ့ဘုံရောက်အောင် ခိုးပို့ပေးခဲ့တော့ ဇုက သူ့ကို အပြစ်ပေးသည့်အနေနှင့် တောင်ထိပ်မှာသံကြိုးချည်ထားခဲ့ပြီး အလွန်ပူပြင်းသောနေ့ အလွန်အေးစက်သောညများကို ငရဲခံသလို ခံစားစေခဲ့သည်.. နေ့စဉ်တိုင်းမှာ စွန်ငှက်ကလာပြီး သူ့အသည်းနှလုံးကို ဖောက်စားခြင်းကိုလည်း နာကျင်မှု ပြင်းပြစွာ ခံစားခဲ့ရ၏.. သို့သော် နောက်တနေ့ရောက်တိုင်းမှာ သူ့အသည်းနှလုံးသည် ပြန်လည်ပြည့်လာခဲ့ပြီး ဖောက်ပြီးစားသုံးမည့် စွန်ကိုလည်းစောင့်နေရပြီး နာကျင်မြဲနာကျင်လျက် ဝေဒနာကို ခံစားရပြန်သည်တဲ့.. ပုံပြင်အဆုံးသတ်အနေဖြင့်တော့ သူ့ကို ကယ်တင်မည့် ကယ်တင်ရှင်အဖြစ် ဟာကျူလီရောက်လာခဲ့သည်.. သော် ကြားဖူးသော ဒဏ္ဍာရီပုံပြင်လေးပေါ့.. ကဗျာလည်း ရှိသည်ဟု ဆိုကြသည်..

မောင့်ကို ချစ်ရခြင်းသည်လည်း Continue reading »

Feb 072012
 

၃ ရက်နေ့ ည ၉ နာရီခွဲကားနဲ့ မန္တလေးကို သွားဖြစ်တယ်.. အဓိက ရည်ရွယ်ချက်ကတော့ Mandalay BarCamp သွားတာပါပဲ.. လူအားလုံးပေါင်း ၂၅ ယောက်တူတူ သွားရတဲ့ ခရီးစဉ်မို့ ကားလက်မှတ်ဝယ်ရတာတို့ ဟိုတယ်ဘိုကင်တင်တာတို့ကအစ အတော်စောစောကတည်းက ကြိုတင်စီစဉ်ပြီး သွားရတာ.. ဒါပေမယ့် ဘားကန့်တို့ ထုံးစံ ကပေါက်တိ ကပေါက်ချာတွေကတော့ ဖြစ်သေးတာပါပဲ.. သွားတဲ့လူတွေကလည်း ကိုညီလင်းဆက်တို့ ကိုနေဘုန်းလတ်တို့ မထိုက်တို့ အပါအဝင် Ubuntu Myanmar Loco Team က လူတွေလည်း စုံစုံလင်လင်မို့ အတော်လေးပျော်စရာ ခရီးစတယ်..

မန်းလေး ကျွဲဆည်ကန်ကားဂိတ်ကိုရောက်တာနဲ့ မန်းလေး ဘားကန့်အော်ဂနိုက်ဇာ တချို့  ရောက်နှင့်နေတာတွေ့တယ်.. လာကြိုကြတာ.. ဟိုတယ်ကို အထုတ်တွေပေးပြီး ကိုရဲအောင်သူကိုညီလင်းဆက်၊ ကိုဖြိုးဟိန်းကျော်၊ ကိုထူးတေဇာတို့နဲ့အတူ တောင်သမန်အင်း ဦးပိန်တံတားဆီလိုက်ဖြစ်တယ်.. အစက ဦးပိန်မလိုက်ဘူးလုပ်နေတာ..ဟိုတယ်ပြန်အိပ်မယ်ပေါ့.. ၉ နာရီမှ ထပီး ဘားကန့်သွားမယ် တွေးထားတာ.. ဒါမယ့် ကိုရဲက ခေါ်တော့ လိုက်ဖြစ်သွားတယ်.. လိုက်ဖြစ်သွားတာလည်း မှန်တယ်ပြောရမယ်. .  ဓာတ်ပုံရိုက်လို့ တော်တော် ဈာန်ဝင်နေပြီး တော်တော်လည်းမိုက်တယ်..

barcamp နဲ့ ဆိုင်တဲ့ ပို့စ်တော့ Continue reading »
Oct 252011
 

♫♪ ဆေးပေါင်းခတဲ့ ညပေါ့ကွယ်.. ဒီမှာ ကိုယ့်အနားမင်းရှိနေပါတယ်.. ဒဏ်ရာတွေအကုန်လုံး အဝေးသို့လွင့်စင်.. ကြင်နာသူ အချစ်များ ဆေးဖက်ဝင်
ဆေးပေါင်းခတဲ့ ညပေါ့ကွယ်.. အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်.. ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့ သစ်ပင်.. ရှင်သန်ရင်ထာဝရ ဆေးဖက်ဝင် ♫♪

ကိုယ် အဲ့သည့်သီချင်းကို သိပ်သဘောကျတယ်.. တန်ဆောင်မုန်းလပြည့်ညတွေကိုလည်း သိပ်ချစ်တာပဲ.. ကိုယ့်အတွက်တော့ တန်ဆောင်မုန်းလပြည့်ရဲ့ အမှတ်တရတွေဟာလည်း အများကြီး.. တန်ဆောင်မုန်းလပြည့်ညဟာ ကြယ်တွေအစုံဆုံးည.. အဲ့သည့်ညဟာ ကတိသစ္စာ တည်မြဲတဲ့ လူတွေအဖို့ နွယ်ပင်မြက်ပင်တွေတောင် ဆေးဖက်ဝင်တယ်ဆိုတဲ့ညပေါ့.. မဲဇလီဖူးသုပ်ကို မကြိုက်တတ်တဲ့ ကိုယ့်အတွက်တော့ ဆေးဖက်ဝင်တယ်ဆိုတဲ့ဘက်ကို သိပ်စိတ်ဝင်စားမှုမရှိဘဲ ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးကိုသာ အမြဲတမ်း မက်မက်မောမောရှိခဲ့တာ အမှန်ဘဲ.. ကြယ်တွေဘာလို့ ကောင်းကင်မှာ ဒီလောက်များသလဲနော်.. ဘာကြောင့် ဒီနေ့မှ အားလုံး စုံညီ ထွက်ပေါ်လာခဲ့ကြလေသလဲ..

တန်ဆောင်တိုင်ညတွေဟာ ငယ်စဉ်တုန်းကတော့ ကတောက်ကတောက်မြည်အောင် Continue reading »

Aug 242011
 

(၄)

ဆိုင်ထဲဝင်လိုက်တော့ ထိုကောင်လေး မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းလက်သွားတာကို သတိထားလိုက်မိသည်.. ကြည်သာပျော်သွား၏.. အဲဒိကောင်လေး သိပ်ချစ်ဖို့ကောင်းသလိုပဲ.. ခပ်ပိန်ပိန် အသားညိုညိုဖြင့် ရော့ခ်သမားပုံစံကောင်လေး.. ကြည်သာ့ထက် အများဆုံးကြီးလျှင်တောင် ၁ နှစ်ပဲ.. ကြည်သာသူ့ကို သဘောကျနေမိပြန်သည်.. ကြည်သာ့ကို အထူးအဆန်းဖြစ်နေတတ်သည့်ကောင်လေး.. ကြည်သာပြုံးပြတာလေးကိုပင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်တတ်သည့်ကောင်လေး.. ခင်မင်ခွင့်ရခဲ့လျှင် သူကလည်း အထူးအဆန်းတွေကြုံရသဖြင့် ပျော်ရွှင်ရမည်ဖြစ်ပြီး ကြည်သာ့အတွက်လည်း စိတ်ကိုကြည်လင်စေမှာအမှန်ပဲ.. ပြီးတော့ သူ့အသံက သဘောကျဖို့ကောင်းသည်.. သြရှရှခပ်ချိုချို.. ကြည်သာကြိုက်တတ်သော သီချင်းအမျိုးအစားများကိုလည်း ဆိုလေ့ရှိသူ.. ကြည်သာတို့ သူငယ်ချင်းကောင်းများဖြစ်နိုင်ကြမည်ထင်သည်နော်..

ကြည်သာသည် ကောင်လေးများစွာကို အလွယ်တကူသဘောကျလေ့ရှိပြီး အလွယ်တကူချစ်ခင်တတ်သူတော့ မဟုတ်.. သူငယ်ချင်းအဖြစ် ပေါင်းသင်းဖို့ ဝန်မလေးသလောက် ချစ်သူရည်းစားဆိုသည်ကို စိတ်ထဲကပင် လက်ခံလို့မရ.. ကြည်သာ ချစ်တတ်ပါသည်.. သို့သော် တစ်သက်လုံးချစ်ခင်နှစ်သက်သွားလို့ရမည့် ယောက်ျားဟူ၍ ရှာလို့မတွေ့သေး.. တကယ်တမ်းမချစ်နိုင်ဘဲနှင့် ချစ်ပါ့မည်လို့လည်း မညာချင်တော့ ကြည်သာ့အတွက် ရည်းစားဟူ၍ မရှိခဲ့သည်မှာ ဆန်းသည်တော့မဟုတ်ဘူးထင်ပါသည်.. ပြီးတော့ အပြောင်းအလဲ မြန်လှသော ကြည်သာ့စိတ်ကို နားလည်နိုင်ဖို့ သည်းခံနိုင်ဖို့လည်း ထိုယောက်ျားများအတွက် ခက်ခဲမည်မှာအမှန်.. အာကာနှင့် ကိုကိုက လွဲလို့ပေါ့လေ..

ကြည်သာ့မှာ ဖြစ်သမျှ အကြောင်းအရာနှင့် ခံစားချက်အစုံအလင်ကို အာကာ့ကိုပြောပြလေ့ရှိပြီး အာကာကလည်း နားမလည်သည့်တိုင်အောင် ခွင့်လွှတ်လိုက်လျောပေးတတ်မြဲ.. သို့သော် အမြင်ကပ်စရာကောင်းလောက်အောင်ပင် အာကာသည် ကြည်သာ့စိတ်ကို သိလျက်နှင့် လျစ်လျူရှုတတ်ပြန်သေးသည်.. ကြည်သာက တွယ်တာကြင်နာသလောက် ကြည်သာ့ကို ချစ်ခင်ယုယမှု မပြတတ်သူ.. ကြည်သာက ဆိုးနွဲ့ချင်သလောက် သူက အလိုလိုက်ခြင်းမရှိတတ်သူ.. ကိုကိုကတော့ အကြောင်းအရာတိုင်းကို မပြောပြပေမယ့် ကြည်သာ့ အပြုအမူလေးတစ်ခု၊ ကြည်သာ့စကားလေးတစ်ခွန်းနှင့်ပင် ကြည်သာ့စိတ်ကို မှန်းဆနားလည်နိုင်သူ.. ပြီးတော့ ကြည်သာ့ အနွံတာကိုလည်း အခံဆုံးလူတစ်ယောက်ဖြစ်လိမ့်မည်.. ဒါပေမယ့် ကိုကို့ဆီက ကြည်သာလိုချင်သည်မှာ ထိုအရာများမဟုတ်ခဲ့ပါ..

Continue reading »

Aug 242011
 

(၃)

ထုံးစံအတိုင်း ၅ နာရီခွဲလောက်မှာ ကြည်သာ့ကို ကြိုဖို့ သူတို့ ရုံးရှိသည့်လမ်းကို အာကာ ရောက်သည်.. ထုံးစံအတိုင်းပဲ ကော်ဖီဆိုင်ရှေ့ကနေ ထွက်စောင့်မနေပြန်.. ကားရပ်ရခက်သည့်လမ်းမို့ ပါကင်နေရာရှာစရာမလိုအောင် ဆိုင်ရှေ့ကထွက်စောင့်ပါဟု ပြောဖူးတာ အကြိမ်ကြိမ်ပဲ.. သို့သော် ကြည်သာ့ထုံးစံအတိုင်း ဘယ်တော့မှနားမထောင်ပါ.. သူကလည်း ကားရပ်စရာနေရာ အလွယ်တကူတွေ့လျှင်တော့ ချိုချိုသာသာ လိုလိုလားလားပင် ကော်ဖီဆိုင်ထဲထိ ဝင်ခေါ်ပေးတတ်ပေမယ့် ကားရပ်စရာမတွေ့ဘဲ တပတ်ကြီး မောင်းနေပြီး လမ်းပြန်လျှောက်ကာသွားခေါ်ရလျှင်တော့ စူပုတ်နေမိတာကို ဘယ်လိုမှ မတတ်နိုင်.. ဒီနေ့ကတော့ ကော်ဖီဆိုင်အပေါ်ဘက် shopping center မှာ ဝယ်စရာရှိနေသဖြင့် ကားရပ်စရာနေရာကို သေချာရှာရပ်ပြီး ဆိုင်ဘက်ပြန်လျှောက်ခဲ့သည်..

ကားပစ္စည်းတွေရောင်းသည့် ဆိုင်ရှေ့ကဖြတ်သွားရင်း ဘာရယ်မဟုတ်ဘဲ ဆိုင်ထဲကို လှမ်းကြည့်လိုက်မိတော့ သူ့ကိုကျောပေးပြီး ဆိုင်ရှင်နှင့်စကားပြောနေသည့် ကိုကို့ကိုမြင်လိုက်သည်.. သေချာသလား.. သိပ်တော့မသေချာ.. နောက်ကျောပဲမြင်ရတာမဟုတ်လား.. ဒါပေမယ့်လည်း စိတ်ကတော့ အလိုလို ကိုကိုဟု သိနေသည်.. ငယ်ငယ်ကတည်းက အတူတူနေလာခဲ့သည့်လူပဲလေ.. ဆိုင်ကိုကျော်ပြီးသွားမှ တစ်ချက်စောင်းကြည့်လိုက်မိ၏.. ကိုကို အရင်လိုပဲ သပ်ရပ်ခန့်ငြားနေတုန်းပဲ.. သူတို့ထက် ၂ နှစ်ကျော်ပဲကြီးပေမယ့် ကိုကိုက လူကြီးသိပ်ဆန်သည်.. ကြီးမေအတွက် အမြဲတမ်း အားကိုးယုံကြည်စရာ သားတစ်ယောက်.. ဆိုးနွဲ့ဂျီကျတတ်သော သားသမီး ၂ ယောက်အတွက် ဖေဖေနှင့်မေမေတို့ စိတ်ချရသည့် အိမ်နီးချင်းတစ်ဦး.. သူတို့ မောင်နှမအတွက် သွေးမတော်သော်လည်း ချစ်ခင်အားထားရသည့် အစ်ကိုကြီး.. အစ်ကိုကြီး တဲ့လား.. အင်းလေ.. အစ်ကိုကြီးမဟုတ်ဘူးဟု အမြင်ပြောင်းလဲသွားချိန်မှာ ကွဲကွာသွားကြတာပဲဆိုတော့ နောက်ဆုံးချိန်ထိတော့ သူတို့အစ်ကိုဖြစ်ခဲ့ပါသေးသည်..

Continue reading »

Aug 242011
 

(၂)

ဒီနေ့ ကြည်သာနဲ့ တွေ့ခဲ့သည်.. ထုံးစံအတိုင်း အာကာမပါဘဲ တစ်ယောက်ထဲ.. အမြွှာမောင်နှမတွေဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိဘဲ ကြည်သာနှင့် အာကာသည် ဘယ်တော့မှ ကိစ္စတစ်ခုကို အတူတူတွဲမလုပ်ချင်တတ်.. သို့သော် ဖြစ်ချင်တော့ သူတို့ ၂ ယောက်က ဝါသနာတွေ အတွေးတွေကလည်းတူနေပြန်သေးသည်.. ကျောင်းကို ၄ နှစ်တိတိ ၂ ယောက်တူတူတက်ခဲ့ရတာတောင် မနည်းအောင့်အီးသည်းခံနေရသည့်ပုံ.. ကျောင်းမှာလည်း အတူတူတွဲလျက်နေတာကို သိပ်မတွေ့ရ.. ခုလည်း ကြည်သာတစ်ယောက်ထဲ ကော်ဖီဆိုင်တစ်ခုထဲက ထွက်လာတာကို မြင်လိုက်ရသဖြင့် လှမ်းနှုတ်ဆက်လိုက်တာ.. ကြည်သာက အားရဝမ်းသာ ပြန်နှုတ်ဆက်ပေမယ့် မတွေ့တာကြာသည့် လူတစ်ယောက်ကိုနှုတ်ဆက်ပုံနှင့်မတူ.. မနေ့တနေ့ကလူကို ပြန်တွေ့ရသလို မထူးခြားသလိုပဲ..

ကြည်သာသည် အရင်လိုပဲ ဖျတ်လတ်နေသည်.. တက်ကြွရွှင်လန်းလျက်ရှိသည်.. ကြည်လင်နေသည်.. ပြီးတော့ အရင်လိုပဲ ကလေးဆန်ဆန်စကားပြောတုန်းပဲ.. ကလေးဆန်လွန်းသော်လည်း လိမ္မာပြီး ချစ်စရာကောင်းသော မိန်းကလေး.. ကြည်သာ ဘယ်တော့မှ လူကြီးမဖြစ်တော့ဘူးလားလို့ မေးတော့ အရင်လိုပဲ ဟက်ဟက်ပက်ပက်ရယ်မောပြန်သည်.. “ကိုကိုကလည်း အမြဲဒါပဲမေးနေတော့မှာလား”လို့ ကိုယ့်ကိုတောင်ပြန်ပြီး လှောင်ရယ်ချင်နေသေး၏.. မတွေ့တာ ၂ နှစ်နီးပါးဖြစ်ခဲ့ပေမယ့် ကြည်သာသည် ကိုယ့်ကို ရင်းနှီးခင်မင်မြဲ.. ကိုယ်ကရော.. ကိုယ်ကလည်း ကြည်သာ့ကိုမြင်တိုင်း အရင်လို လှိုက်မောရင်ခုန်ဆဲပါပဲလား..

Continue reading »

Aug 242011
 

(၁)

၅ နာရီထိုးခါနီးပြီ.. သူ လာတော့မည်.. ကော်ဖီအေးရော ရှိသေးရဲ့လားလို့ ဖျော်စက်ရှိရာဘက်သို့ စောင်းအကြည့်မှာ မိုက်နဲ့ပါးစပ်အနည်းငယ် လွဲသွားသည်မို့ အသံတစ်ချက်တိမ်ဝင်သွား၏.. ကျော်စွာက သတိပေးသလို စွေကြည့်သည်.. တစ်ချက်လေးပါပဲ.. ပြီးတော့ သူတို့အာရုံနဲ့သူတို့ ထိုင်နေကြသည့် စားသုံးသူများက သိတောင်သိလိုက်မှာမဟုတ်ပါ.. သူကလွဲလို့ပေါ့လေ.. သူဆိုလျှင်တော့ စာသားတစ်ချက်အလွဲ အသံတစ်ချက်အဝင်ကိုပင် အမြဲသတိထားမိတတ်သည်.. ပုံကိုငုံ့ဆွဲနေရာမှ ဆံပင်များကို ဆတ်ကနဲခါထုတ်ပြီး မော့ကြည့်လေ့ရှိ၏.. သူ့ မျက်ဝန်းညိုညိုများကို မြင်ယောင်မိပြန်တော့ ဆိုလက်စသီချင်းကို စိတ်မရောက်တော့ဘဲ အာရုံပျံ့သွားပြန်သည်.. Shit.. အဲလို ဖြစ်နေလို့ မဖြစ်သေးဘူး.. တော်ကြာ ဝါသနာပါလွန်းလို့ မနည်းကြိုးစားထားရတဲ့ ဒီအလုပ်လေး ဆက်မလုပ်ရဘဲဖြစ်နေဦးမယ်..

မြို့လည်ကော်ဖီဆိုင်သည် ညနေရုံးဆင်းချိန်လည်း ဖြစ်နေသည်မို့ လူများရှုပ်ထွေးစည်ကားလျက် စည်ကားလျက်ရှိသည်.. ဆိုင်၏ကောင်တာအနီး ထောင့်လေးသည် ကျနော်တို့နေရာ.. သစ်သားစည်ပိုင်းလေးများ ချထားကာ ဆောင်းဘောက်စ်များ ဂစ်တာများဖြင့် ကျနော်တို့ ၄ ယောက် ညနေ ၄ နာရီဆို ဒီနေရာကို အပိုင်စားရပြီ.. ကျော်စွာနဲ့ ကိုစိုင်းက ပင်တိုင်ဂစ်တာသမားတွေ.. ကျနော်နဲ့ ဗစ်တာကတော့ အဆိုတွေပေါ့.. ကော်ဖီဆိုင်မှာ ဒီလို Unplugged ဝိုင်းမျိုး သိပ်ခေတ်မစားသေးတာမို့ ဒီဆိုင်လေးကတော့ ဆန်းလို့နေသည်.. ကျနော်တို့ ဒီအစီအစဉ်စပြီးမှာ ပုံမှန်ညနေတိုင်း လာထိုင်တတ်သူတွေတောင် ရှိလာတာမို့ ဆိုင်ရှင်ကလည်း သဘောတွေကျနေပြီး ကျနော်တို့လည်း အားတက်ရသည်.. နာမည်ကြီး လူကြိုက်များသည့် သီချင်းများကိုလည်းဆိုရင်း ကိုယ့်သီချင်းလေးများကိုပါ တွဲတွဲထည့်ဆိုကာ မိတ်ဆက်ရ၏.. ဒီကရသည့်လခများသည် ကျနော်တို့ စီးရီးထုတ်ဖို့ သီချင်းသွင်းဖို့ အရင်းအနှီးအထောက်အပံ့..

Continue reading »