Mar 052013
 

အစကတော့ ကျိုက်ထီးရိုးကို သောကြာည သွားမလို့.. ဒါပေမယ့် စနေနေ့ မနက်ပိုင်းမှာ အလုပ်ကိစ္စ တစ်ခုရှိတာနဲ့ပဲ စနေညမှ ထွက်ဖြစ်တယ်.. “ဝင်း”ဆိုတဲ့ကား ကားမှာ လက်မှတ်ဖြတ်မိတယ်.. မှားတယ်.. အကြီးကြီးမှားတယ်.. ကားက အစုတ်.. အဲကွန်းလည်းမအေးဘူး.. ခုံတွေကလည်း စုတ်.. ဆက်ဆံရေးလည်းကျဲတယ်.. သွားတာက လူ ၄ ယောက်.. ကိုရဲအောင်သူ.. ဂျွန်မေဂျာ နဲ့ ကိုစိုးဆက်လွင် ပါတယ်..

စနေည ၈ နာရီမှာ ရန်ကုန်ကနေ စထွက်ပြီး ည ၁၂ ခွဲမှာ ကျိုက်ထီးရိုးရောက်တယ်.. တောင်ပေါ်ကို မီးဒုတ်ကိုင်ပြီး လမ်းလျှောက်ပဲ တက်မလိုလို ဘာလိုလိုတွေ လုပ်ကြပြီး နောက်ဆုံးတော့ တောင်ခြေမှာပဲ ခနနားရင်း ကားအထွက်ကို စောင့်ကြပါတယ်.. အင်တာနက်သုံး ဂိမ်းဆော့ ရယ်စရာတွေလျှောက်ပြောရင်းနဲ့ မနက် ၄ နာရီခွဲမှာ ကားတွေပေါ် စတက်လို့ ရပြီမို့လို့ တက်ထိုင်ကြပါတယ်..

တောင်ပေါ်အတက်ကားတွေကတော့ ထုံးစံအတိုင်း ဘေးကို တံတောင်နဲ့တွတ်မိလိုက် ရှေ့ကိုဒူးနဲ့ထိုးမိလိုက် ဘေးကတံတောင်နဲ့တွတ်လိုက် နောက်က ဒူးနဲ့ထိုးလိုက်.. ဒူးနဲ့တံတောင်နဲ့ ဒူးနဲ့တံတောင်နဲ့ ပါပဲ.. Continue reading »

Feb 292012
 

ကျမရဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းသွားခရီးစဉ်အကြောင်း ရေးထားတဲ့ ပို့စ်က သိပ်ရှည်ပြီး ပုံတွေ သိပ်များလွန်းလို့ အပိုင်း ခွဲတင်တာ ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ ရောက်တော့ ကျမ တော်တော်လေး ဒွိဟဖြစ်ရပါသေးတယ်.. ကျမရေးတဲ့ စာ .. ကျမ ပြောပြတဲ့ အကြောင်းအရာတွေကြောင့် သူတို့တွေကို ကူညီရာမရောက်ဘဲ ပိုပြီး ဝန်ပိုစေမလား.. ဒါမှမဟုတ် ကျမနဲ့ အတူခရီးသွားတဲ့လူတွေကို တစ်ခုခုထိခိုက်စေနိုင်မလား.. ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို နှောင့်နှေးစေမလားဆိုပြီး ကျမ အကြိမ်ကြိမ်စဉ်းစားပါတယ်.. ဒါပေမယ့် ကျမက ကိုယ်တိုင် သိကြားခံစားလာရတဲ့လူပါ.. ကျမသိလာသမျှကို မပြောပြဘဲ ချန်ထားရင် အပြစ်ရှိသလို ကျမ ခံစားရပါမယ်.. ဒါကြောင့် သိလာကြားလာသလိုပဲ ကျမ ပြန်ပြောပြလိုက်တော့တယ်.. လူသားခြင်းစာနာတတ်သူအားလုံး မျှဝေနားလည်တတ်ဖို့ပါ..

Continue reading »

Feb 282012
 

မူဆယ်ခရီး အပိုင်း ၁ ကို ဒီမှာ ဖတ်လို့ရပါတယ်

——————————————–

ကျမတို့ မိန်းကလေး ၄ ယောက်နဲ့ ကချင်ဆရာမလေး အားပန်နဲ့က တဲတစ်ခုနေရပါတယ်.. အားပန်က သိပ်ချစ်ဖို့ကောင်းတယ်.. ဗမာစကားကို တတ်သလောက် ပီသလောက်လေးနဲ့ ကျမတို့ကို ကြိုးစားပမ်းစား စကားပြောတယ်.. ဘာသာတွေလည်း ပြန်ပေးတယ်.. စခန်းမှာ နေတဲ့ ၃ ရက်စလုံးလည်း ကျမတို့ လိုတာမှန်သမျှ ကူညီပေးခဲ့ပါတယ်.. ကျမတို့နဲ့ ရန်ကုန်က အတူလာတဲ့ ကိုဒေးဗစ်ကတော့ စခန်းကကချင်ဆရာလေး ကိုဇော်အောင်နဲ့ နေရပါတယ်.. (ဗမာလို နာမည်လုပ်လိုက်တော့ ဇော်အောင်ဖြစ်သွားပေမယ့် သူတို့ ကချင်အသံထွက်နဲ့တော့ “ဇောင်း(င့်)”လို့ ကြားမိတာပဲ)..

 (ကျမတို့နဲ့ WPN မှ အမျိုးသမီးတချို့ .. ညာအစွန်ဆုံးက အားပန်)

ရောက်ရောက်ချင်း ကျမတို့ အနားတဝိုက်မှာ ရှိတဲ့ ကွဲနေတဲ့ တဲစုလေးတွေဆီကို ခြေဆန့်ကြပါတယ်.. ကျမတို့ ရောက်ပြီး နေနေတဲ့ စခန်းက ပင်မစခန်းကြီးလို သဘောပေါ့နော်.. ၂၀၁၁ ခုနှစ် ဇွန်လမှာ စစ်စဖြစ်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေက တောတွေထဲမှာ အကွဲကွဲအပြားပြား ခိုနေခဲ့ကြပါတယ်.. နောက်တော့ WPN ကနေ ဦးစီးပြီးတော့ နိုဝင်ဘာလောက်မှာ ဒီစခန်းကြီးကို တရုတ်ရွာသားတွေဆီက ခွင့်တောင်းပြီး ဆောက်ခဲ့တော့မှ ကွဲပြားနေတဲ့ လူတွေ အကုန်ပေါင်းမိပြီး တစုထဲ နေဖြစ်ကြတာလို့ ဆိုပါတယ်.. ဒါပေမယ့် ခုချိန်ထိ ဒီစခန်းကိုလာမပေါင်းဖြစ်သေးဘဲ ကြုံရာ ဆန်စက်ဟောင်းတွေ.. ကျောက်မီးသွေးကျိတ်စက်တွေမှာ ခိုကပ်နေကြသေးတဲ့ စစ်ပြေးအစုလေးတွေ ရှိသေးတော့ သူတို့ဆီလည်း ရောက်အောင် သွားကြရတာပေါ့.. အဓိကတော့ စခန်းတွေမှာ ဘာလိုအပ်သလဲဆိုတာလေးတွေ သိရအောင် မေးမြန်းဖို့ရယ်.. အဲ့ဒီက စခန်းတာဝန်ခံတွေက သွားစေချင်လို့လည်းပါတယ်..

Continue reading »

Feb 272012
 

ကျမရဲ့ ပထမဆုံးသော မူဆယ် ခရီး..

ဒီခရီးစဉ်အကြောင်းကို ပြန်ပြီးစာရေးဖို့ ကျမ တော်တော်လေး စဉ်းစားခဲ့ရတယ်.. ဒါပေမယ့် သေချာတာကတော့ ဒီခရီးဟာ လူတိုင်းသိသင့်သိထိုက်တဲ့ သိဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်နေလို့ မဖြစ်မနေတော့ ရေးရမယ်လို့ ကျမကိုယ် ကျမ ပြန်အားပေးခဲ့ပါတယ်..  တော်တော်များများလည်း သိပြီးသားဖြစ်ကြတဲ့အတိုင်း ကျမဟာ သာမန်မိန်းကလေးတစ်ယောက်ပါပဲ.. နိုင်ငံရေးမလုပ် နိုင်ငံရေးအကြောင်းတွေမသိသလို ဘယ်အသင်းအဖွဲ့ ဘယ်ဝါဒကိုမှ ကျမ မကိုင်စွဲပါ.. လွတ်လပ်မှု တရားမျှတမှုနဲ့ လူသားခြင်းစာနာထောက်ထား ကြင်နာတတ်တဲ့စိတ်ဓာတ်ကိုပဲ ကျမ ယုံကြည်တယ်.. ဒါကြောင့် ဒီခရီးစဉ် တစ်ခုလုံးကို ကျမ မြင်သလို ကျမ ခံစားရသလို အားလုံးကို ပြန်မျှဝေချင်ပါတယ်..

 

မူဆယ်ခရီးစဉ်လို့ပြောလိုက်ရပေမယ့် တကယ်တမ်းကျမတို့ရဲ့ ခရီးရည်ရွယ်ချက်က တရုတ်ပြည်နယ်စပ်တွေမှာ ရောက်နေတဲ့ ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခုဆီကို ဖြစ်ပါတယ်.. ခရီးကို ဒီဇင်ဘာလ လောက်ကတည်းက စပြီး အစီစဉ်ဆွဲဖြစ်ကြပါတယ်.. ကျမတို့နဲ့ အသိ ကိုဒေးဗစ်ဆိုတဲ့ အစ်ကိုက NGO မှာ အလုပ်လုပ်တာဆိုတော့ သူ့ အဆက်အသွယ်တွေနဲ့ စီစဉ်ဖြစ်ကြတာ.. ကိုဒေးဗစ်ရယ် မခင်မြတ်ရယ် မသီသီရယ် မထိုက်ရယ် ကျမရယ်သွားဖြစ်တယ်.. အစကတော့ ကိုရဲအောင်သူ ပါလာတော့မလိုလို.. ကိုထူးတေဇာပဲ လိုက်တော့မလိုလို.. ကိုညီလင်းဆက်ပဲ လိုက်ဖြစ်မလိုလိုတွေ လုပ်နေပြီး တကယ်တမ်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စထွက်ဖြစ်ကြတော့ နဂိုစီစဉ်ထားတဲ့အတိုင်း ကျမတို့ ၅ ယောက်ပဲ သွားဖြစ်ပါတော့တယ်..

 

(အတူသွားတဲ့ မိန်းကလေး ၄ ယောက်.. နန်းညီ၊ မထိုက်၊ မခင်မြတ်၊ မသီ)

စနေနေ့ မနက်ခင်းမှာ ရန်ကုန်ကနေ စထွက်တယ်.. Continue reading »

Nov 162011
 

ဒီနှစ် ၂၀၁၁ နိုဝင်ဘာမှာ တန်ဆောင်တိုင် တောင်ကြီးတက်ဖြစ်ပြန်တယ်.. မနှစ်က အလုပ်တွေရှုပ်လို့ မသွားလိုက်ရဘူး.. တောင်ကြီးကားလက်မှတ်က ပွဲတွင်းဆိုတော့ ခက်ခဲဆဲ..  ဒီတစ်ခေါက်သွားတာ အင်းထဲ နှစ်ခါပြန်ဆင်းဖြစ်လိုက်တယ်.. ဒါပေမယ့် ပုံတွေသိပ်မရိုက်ဖြစ်ဘူး.. ပွဲတစ်လျှောက်လုံးလည်း မရိုက်ဘူး.. ဘာဖြစ်တယ်တော့မသိ.. ဓာတ်ပုံရိုက်ဖို့ သိပ်ပြီး မတက်ကြွနေဘူးဖြစ်နေတယ်..

ပထမတစ်ခေါက် အင်းထဲက ရွှေညောင်ကနေ ညောင်ရွှေကို ကားနဲ့ ပြီးမှ ညောင်ရွှေဆိပ်ကနေ စက်လှေနဲ့.. ဒုတိယတစ်ခေါက်တော့ နန့်ပန်ဈေးနေ့ဆိုတော့ မနက်အစောထပြီး တောင်ကြီးကနေ ဆိုင်ကယ်တွေနဲ့ နန့်ပန်အထိ ကုန်းလမ်းကနေသွား.. နန့်ပန်ဈေးဝင် စားသောက် လျှောက်ကြည့်ပြီးမှ သူငယ်ချင်းအိမ်က လှေနဲ့ ဟိုနားဒီနား ပတ်သွားကြတယ်.. တောင်ကြီးကနေ နန့်ပန်ထိ ဆိုင်ကယ်နဲ့ သွားတာ.. ခန့်မှန်းခြေ .. Continue reading »

Jul 202011
 

အစက ရုံးပိတ်ရက်တွေများတုန်းလေး.. မန်းလေး ရွှေစာရံအိမ်ကို ခဏပြန်ချင်လို့ သွားမလို့.. နောက်တော့ တစ်ယောက်က လိုက်မယ်.. နောက်တစ်ယောက်လည်းလိုက်မယ်.. ဟိုလူလိုက်တော့ ဟိုလူလည်းလိုက်မယ်နဲ့ လူတွေများများလာလိုက်တာ.. အားလုံးပေါင်း ၁၃ ယောက်..

အိမ်အပြန်ခရီးစဉ်ဟာ တစ်ယောက်ထဲ မြို့ပြကနေ ခွဲထွက်လာရရင် အထီးကျန် လွမ်းမောဖွယ်များ ဖြစ်မလား.. ဒါပေမယ့် ခုကတော့ ရယ်မောသံတွေ စနောက်သံတွေနဲ့ တက်ကြွပြီး ပျော်စရာ.. တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားတွေ နားလည်ပြီးသား အထာကျပြီးသား..

အချင်းချင်းပဲ သဘောပေါက်နားလည်တဲ့ ဟာသဖြစ်ရပ်တွေပေါင်း များစွာပြောဆိုလို့ ပျော်နေကြတာများ.. စိတ်ဓာတ်ပုံမှာ စွဲစွဲမြဲမြဲ မှတ်တမ်းတင်ပြီးသား ဖြစ်နေပြီ..

Continue reading »

May 122011
 

၂၀၁၁ ခုနှစ် မေလ ၉ ရက်၊ တနင်္လာနေ့
တစ်ယောက်မှ မနက် အစောမထတဲ့နေ့..
ကိုကိုရဲတို့ ၂ ခန်းက လက်ဘက်ရည်ဆိုင်သွားမယ်ဆိုပြီး လာနှိုးတော့လည်း မလိုက်ဘူး ငြင်းလိုက်မိတယ်.. တကယ်က ငြင်းသာငြင်းလိုက်တာ ကိုယ်တိုင်မသိလိုက်ဘူး.. ညနေဘက်ပြန်ပြောမှ ဟင် ဟုတ်လား အဲလို ငြင်းလိုက်မိလား ပြန်မေးရတယ်.. အိပ်ချင်မူးတူးနဲ့.. မထိုက်တို့အိမ်က မိသားစုတွေနဲ့ ကိုကိုရဲ မိသားစုနဲ့ အမျိုးသမီးတွေချည်းပဲ ဘုရားသွားဖူးကြတော့လည်း မလိုက်ဘူး ငြင်းပြန်တယ်.. နေမြင့်မှ အိပ်ရာထပြီး အခန်းတံခါးတွေ လျှောက်ခေါက်တော့မှ ကိုယ်လိုပဲ ထူးတေဇာနဲ့ ကိုရဲအောင်သူလည်း အိပ်တုန်းပဲလို့ သိလိုက်တယ်.. ဒါနဲ့ ၄ ယောက်သား နေ့လည်စာထွက်စား.. ဟိုဟိုဒီဒီသွားဖို့ ကားငှားကြတာပေါ့..

ပုဂံက Tour Season မဟုတ်လို့ထင်တယ်.. ဘုရားတွေမှာ လူသိပ်ရှင်းတယ်.. ကိုယ်တို့ ၄ ယောက် နတ်လှောင်ကျောင်းကို ရောက်သွားတယ်.. တကယ်က သူတို့ ၃ ယောက်က သိပ်စိတ်ပါလှတာမဟုတ်ဘူးထင်တယ်.. ကိုယ်ကသာ ကိုရင်တာနှစ်ပါးသွားစာအုပ်ထဲက နတ်လှောင်ကျောင်းအကြောင်းရေးထားတာ ဖတ်ဖူးပြီး သိပ်သွားချင်နေတာ.. နတ်လှောင်ကျောင်းရှေ့မှာ သဗ္ဗုညုဘုရားနောက်ခံထားပြီး ကိုရဲအောင်သူက ကိုယ့်ကို ဓာတ်ပုံရိုက်ပေးတယ်.. နေသိပ်ပူတာပဲ.. မျက်နှာကို ဘယ်လိုမှ ပြုံးထားလို့မရတာ ဆိုးတယ်.. ထားပါတော့.. လှသွားလိမ့်မယ် အလိုလို.. မလှလည်းနေပစေပေါ့..

မိုးကလည်း အုံ့နေပြီး တဖွဲဖွဲစကျနေပြီ.. ကိုယ်တို့ ညနေဘက်ပြန်တယ်.. ကိုရဲအောင်သူနဲ့ ထူးတေဇာက နေရစ်ခဲ့တယ်.. ဓာတ်ပုံရိုက်ဖို့ မန်းလေး ကျောက်ဆည်ဘက် သွားဦးမယ်တဲ့.. လိုက်ခဲ့မလားလို့ တေဇာက ခေါ်ပေမယ့် လိုက်လို့မရတဲ့ အကြောင်းတွေရှိနေတော့ ကိုယ်သူတို့ကို မနာလိုလိုက်တာ.. တကယ်ပြောတာ.. ကိုယ်က မနာလိုစိတ်သိပ်ကြီးတယ်.. ကိုယ်မပျော်ရပေမယ့် သူများပျော်ရင် ဝမ်းသာပါတယ်ဆိုတဲ့ စိတ်မျိုး ဘယ်လိုမှ ထားလို့မရဘူး.. တခြား ပစ္စည်းဥစ္စာတွေနဲ့ ပက်သက်ရင် မနာလိုဝန်တိုစိတ်နည်းသလောက် ပျော်ပါးတာ ခရီးသွားတာ လွတ်လပ်မှု စတာတွေမှာ လူတကာထက် သာချင်နေတာခက်တယ်..

Continue reading »